လွ်ပ္စစ္တစ္ယူနစ္ က်ပ္ ၁၁၀ အထက္ေပးႏိုင္လွ်င္ မီးမျပတ္ေအာင္ ဝန္ေဆာင္မႈေပးမည့္ကုမၸဏီမ်ားရွိဟု ရန္ကုန္တုိင္းဝန္ႀကီးခ်ဳပ္ေျပာ…!

လွ်ပ္စစ္တစ္ယူနစ္ က်ပ္ ၁၁၀ အထက္ေပးႏိုင္လွ်င္ မီးမျပတ္ေအာင္ ဝန္ေဆာင္မႈေပးမည့္ကုမၸဏီမ်ားရွိဟု ရန္ကုန္တုိင္းဝန္ႀကီးခ်ဳပ္ေျပာ

လွ်ပ္စစ္တစ္ယူနစ္လွ်င္ က်ပ္ ၁၁၀ ႏွင့္အထက္ေပးႏုိင္မည္ဆုိပါက မီးျပတ္ေတာက္မႈမရွိဘဲ စိတ္ႀကိဳက္သံုးစြဲႏိုင္ေအာင္ ေဆာင္ရြက္ေပးႏိုင္သည့္ ကုမၸဏီမ်ားရွိသည္ဟု ရန္ကုန္တုိင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာသည္။

ရန္ကုန္တုိင္းအတြင္း လွ်ပ္ စစ္မီးျပတ္ေတာက္ရျခင္းႏွင့္ ပတ္ သက္ၿပီး ေမလ ၁၀ ရက္၌ ရန္ကုန္ရင္းႏွီးျမႇဳပ္ႏွံမႈဖိုရမ္တြင္ အထက္ ပါအတုိင္း ဝန္ႀကီးခ်ဳပ္က ေျပာ ၾကားသည္။

‘‘အဲဒီေဈးႏႈန္းကို ေပးႏိုင္မယ္ဆုိရင္ မီးကို ႀကိဳက္သေလာက္ သံုးပါ၊ မ်ားမ်ားသံုးပါ တိုက္တြန္း မယ့္ကုမၸဏီေတြ အမ်ားႀကီးရွိ တယ္၊ ေပးခ်င္လြန္းလို႔။

ျမန္မာ ႏိုင္ငံကို လွ်ပ္စစ္ကုမၸဏီေတြ ဘာ ေၾကာင့္ စိတ္ဝင္စားလဲ မီးခဏ ခဏျပတ္လုိ႔ စိတ္ဝင္စားတယ္။ မီးမွန္ေနရင္ ဘယ္သူမွ စိတ္မဝင္ စားဘူး’’ဟု ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္း သိန္းက ေျပာသည္။

ျမန္မာႏိုင္ငံတြင္ လွ်ပ္စစ္မီး ျပတ္ေတာက္ရျခင္းသည္ လွ်ပ္စစ္ က႑ ဖြံ႕ၿဖိဳးမႈမ်ားလာ၍ လွ်ပ္စစ္ ပိုမိုသံုးစြဲပါက ပိုမိုအ႐ႈံးေပၚေန ျခင္းေၾကာင့္ျဖစ္သည္ဟု ရန္ကုန္ တုိင္းဝန္ႀကီးခ်ဳပ္က ဆုိသည္။ လွ်ပ္စ္စမီးက႑တိုးတက္ရန္ ထို အခ်က္မွ လြတ္ေျမာက္ေအာင္ ေဆာင္ရြက္ရမည္ဟု ဆုိသည္။

တက္ေရာက္လာၾကသူမ်ား ေမးျမန္းသည့္ ေမးျမန္းခ်က္မ်ားကို ျပန္လည္ေျဖၾကားျခင္း

ထို႔အျပင္ မဟာဓာတ္အားလိုင္းမ်ားတြင္ အရန္ဓာတ္အားလိုင္းမ်ား ထားရမည္ဟုဆုိသည္။ အကယ္၍ ဓာတ္အားျပတ္ေတာက္ပါက အရန္ဓာတ္အားလိုင္းမွ လွ်ပ္စစ္မီးေပးႏုိင္ေအာင္ ေဆာင္ရြက္ရမည္ဟု ဆုိသည္။

ထို႔အျပင္ လွ်ပ္စစ္ျဖန္႔ျဖဴးရာတြင္ အခ်ိဳ႕ဓာတ္အားလိုင္းမ်ား သည္ ႏွစ္ေပါင္းမ်ားစြာၾကာျမင့္ေန ၿပီး အဆင့္ျမႇင့္တင္ရန္ လုိသည္ဟုဆိုသည္။

ထိုဓာတ္ႀကိဳးမ်ားကို အဆင့္ျမႇင့္တင္ရန္ ကုမၸဏီမ်ားရွိေသာ္လည္း ထိုက္သင့္သည့္ ေဈးႏႈန္းေပးရန္လိုသည္ဟု ဝန္ႀကီးခ်ဳပ္က ေျပာသည္။

ျမန္မာႏုိင္ငံတြင္ လွ်ပ္စစ္ႏွင့္ ပတ္သက္၍ စိန္ေခၚမႈတစ္ခုသည္ မီတာခေဈးေပါ၍ လွ်ပ္စစ္ျဖင့္ ခ်က္ျပဳတ္ျခင္းျဖစ္ သည္ဟု ဆုိသည္။

လက္ရွိတြင္ လွ်ပ္စစ္မီတာခ ကို ယူနစ္ ၁၀၀ ေအာက္ ၃၅က်ပ္၊ ယူနစ္ ၂၀၀ ေအာက္လွ်င္၄၀ ႏွင့္အထက္ က်ပ္ ၅၀ ေကာက္ခံေနသည္။ ထို႔ေၾကာင့္ မီတာခ ကို အစိုးရက ႏွစ္စဥ္ တစ္ႏိုင္ငံလံုးအတြက္ က်ပ္ ဘီလီယံ ၅၀၀ ေက်ာ္ စိုက္ထုတ္ေနရၿပီး

ရန္ကုန္တိုင္းအတြက္ က်ပ္ ဘီလီယံ ၃၀၀ ေက်ာ္စိုက္ထုတ္ေပးရသည္။ ယခု ဘ႑ာႏွစ္ တစ္ႏုိင္ငံလံုးအတြက္ က်ပ္ဘီလီယံ ၆၀၀ ေက်ာ္ အ႐ႈံး ေပၚမည္ဟု လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနက ခန္႔မွန္းထားသည္။

လက္ရွိတြင္ ဓာတ္အားမလံု ေလာက္မႈေၾကာင့္ တစ္ႏုိင္ငံလံုး ကို ဓာတ္အားအလွည့္က်ေပး ေနၿပီး တစ္ေန႔လွ်င္ ေလးနာရီမွ ေျခာက္နာရီၾကား လွ်ပ္စစ္မီးျပတ္ ေတာက္ေနသည္။

Via: 7daydaily

Unicode

လျှပ်စစ်တစ်ယူနစ် ကျပ် ၁၁၀ အထက်ပေးနိုင်လျှင် မီးမပြတ်အောင် ဝန်ဆောင်မှုပေးမည့်ကုမ္ပဏီများရှိဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော

လျှပ်စစ်တစ်ယူနစ်လျှင် ကျပ် ၁၁၀ နှင့်အထက်ပေးနိုင်မည်ဆိုပါက မီးပြတ်တောက်မှုမရှိဘဲ စိတ်ကြိုက်သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးနိုင်သည့် ကုမ္ပဏီများရှိသည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ရန်ကုန်တိုင်းအတွင်း လျှပ် စစ်မီးပြတ်တောက်ရခြင်းနှင့် ပတ် သက်ပြီး မေလ ၁၀ ရက်၌ ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် အထက် ပါအတိုင်း ဝန်ကြီးချုပ်က ပြော ကြားသည်။

‘‘အဲဒီဈေးနှုန်းကို ပေးနိုင်မယ်ဆိုရင် မီးကို ကြိုက်သလောက် သုံးပါ၊ များများသုံးပါ တိုက်တွန်း မယ့်ကုမ္ပဏီတွေ အများကြီးရှိ တယ်၊ ပေးချင်လွန်းလို့။

မြန်မာ နိုင်ငံကို လျှပ်စစ်ကုမ္ပဏီတွေ ဘာ ကြောင့် စိတ်ဝင်စားလဲ မီးခဏ ခဏပြတ်လို့ စိတ်ဝင်စားတယ်။ မီးမှန်နေရင် ဘယ်သူမှ စိတ်မဝင် စားဘူး’’ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ပြောသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်မီး ပြတ်တောက်ရခြင်းသည် လျှပ်စစ် ကဏ္ဍ ဖွံ့ဖြိုးမှုများလာ၍ လျှပ်စစ် ပိုမိုသုံးစွဲပါက ပိုမိုအရှုံးပေါ်နေ ခြင်းကြောင့်ဖြစ်သည်ဟု ရန်ကုန် တိုင်းဝန်ကြီးချုပ်က ဆိုသည်။ လျှပ်စ်စမီးကဏ္ဍတိုးတက်ရန် ထို အချက်မှ လွတ်မြောက်အောင် ဆောင်ရွက်ရမည်ဟု ဆိုသည်။

တက်ရောက်လာကြသူများ မေးမြန်းသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားခြင်း

ထို့အပြင် မဟာဓာတ်အားလိုင်းများတွင် အရန်ဓာတ်အားလိုင်းများ ထားရမည်ဟုဆိုသည်။ အကယ်၍ ဓာတ်အားပြတ်တောက်ပါက အရန်ဓာတ်အားလိုင်းမှ လျှပ်စစ်မီးပေးနိုင်အောင် ဆောင်ရွက်ရမည်ဟု ဆိုသည်။

ထို့အပြင် လျှပ်စစ်ဖြန့်ဖြူးရာတွင် အချို့ဓာတ်အားလိုင်းများ သည် နှစ်ပေါင်းများစွာကြာမြင့်နေ ပြီး အဆင့်မြှင့်တင်ရန် လိုသည်ဟုဆိုသည်။

ထိုဓာတ်ကြိုးများကို အဆင့်မြှင့်တင်ရန် ကုမ္ပဏီများရှိသော်လည်း ထိုက်သင့်သည့် ဈေးနှုန်းပေးရန်လိုသည်ဟု ဝန်ကြီးချုပ်က ပြောသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်နှင့် ပတ်သက်၍ စိန်ခေါ်မှုတစ်ခုသည် မီတာခဈေးပေါ၍ လျှပ်စစ်ဖြင့် ချက်ပြုတ်ခြင်းဖြစ် သည်ဟု ဆိုသည်။

လက်ရှိတွင် လျှပ်စစ်မီတာခ ကို ယူနစ် ၁၀၀ အောက် ၃၅ကျပ်၊ ယူနစ် ၂၀၀ အောက်လျှင်၄၀ နှင့်အထက် ကျပ် ၅၀ ကောက်ခံနေသည်။ ထို့ကြောင့် မီတာခ ကို အစိုးရက နှစ်စဉ် တစ်နိုင်ငံလုံးအတွက် ကျပ် ဘီလီယံ ၅၀၀ ကျော် စိုက်ထုတ်နေရပြီး

ရန်ကုန်တိုင်းအတွက် ကျပ် ဘီလီယံ ၃၀၀ ကျော်စိုက်ထုတ်ပေးရသည်။ ယခု ဘဏ္ဍာနှစ် တစ်နိုင်ငံလုံးအတွက် ကျပ်ဘီလီယံ ၆၀၀ ကျော် အရှုံး ပေါ်မည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ခန့်မှန်းထားသည်။

လက်ရှိတွင် ဓာတ်အားမလုံ လောက်မှုကြောင့် တစ်နိုင်ငံလုံး ကို ဓာတ်အားအလှည့်ကျပေး နေပြီး တစ်နေ့လျှင် လေးနာရီမှ ခြောက်နာရီကြား လျှပ်စစ်မီးပြတ် တောက်နေသည်။

1 Comment

1 Trackback / Pingback

  1. လွ်ပ္စစ္တစ္ယူနစ္ က်ပ္ ၁၁၀ အထက္ေပးႏိုင္လွ်င္ မီးမျပတ္ေအာင္ ဝန္ေဆာင္မႈေပးမည့္ကုမၸဏီမ်ားရွိ

Leave a Reply

Your email address will not be published.


*