သီလရှင်ဝတ်တဲ့နေ့မှာ အရမ်းအားကိုးပြီးချစ်ရသူတွေ အနားရှိစေချင်ကြောင်းရင်ဖွင့်လာတဲ့ ပိုပို

ဘဝမှာ အရာရာကို တစ်ယောက်ထဲဖြတ်ကျော်ခဲ့ရတဲ့ ပိုပိုရဲ့ ရင်တွင်းခံစားချက်ကတော့ ပြောမပြနိုင်လောက်အောင် ဝမ်းနည်းကြေကွဲဖို့ ကောင်းလှပါတယ်။ တစ်ယောက်ထဲ ဖြတ်သန်းလာခဲ့တဲ့ ဘဝမှာ ခံပြင်းစိတ်နဲ့ ကြိုးစားခဲ့တဲ့ ပိုပိုကတော့ ယခုဆိုရင် အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်အနေနဲ့ ဘဝကို ရပ်တည်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ဘဝကိုဝမ်းနည်းမှုများစွာနဲ့ တစ်ယောက်တည်းဖြတ်ကျော်ခဲ့ရတဲ့ အဆိုတော် ပိုပို ဟာဆိုရင် လတ်တလောမှာလည်း သူသီလရှင်ဝတ်မယ့်အကြောင်း ရေးသားထားတဲ့ စာသားလေးကြောင့် ဖတ်ရှုသူအပေါင်းကို ဝမ်းနည်းမျက်ရည် ကျစေခဲ့ရတာပဲ ဖြစ်ပါတယ်။

ငယ်ငယ်လေးကတည်းက အမေနဲ့ ကွဲကွာခဲ့ရပြီး အဖွားလက်ထဲမှာသာ ကြီးပြင်းခဲ့ရတဲ့ ပိုပိုကတော့ ယခုအချိန်မှာ တစ်ယောက်တည်း အထီးကျန်ဆန်ခဲ့ရတာဖြစ်တာကြောင့် အရမ်းကို ဝမ်းနည်းနေခဲ့ရတာပဲ ဖြစ်ပါတယ်။

အထီကျန်မှုတွေများစွာကြောင့် တစ်ယောက်ထဲ စိတ်မကောင်းဝမ်းနည်းဖြစ်ခဲ့ရတဲ့ ပိုပိုကတော့ ဆံချ သီလရှင်ဝတ်မဲ့နေ့မှာ အရမ်းအားကိုးပြီး ချစ်ရသူတွေကို အနားမှာရှိစေချင်တဲ့အကြောင်း ရင်ဖွင့်လာခဲ့တာပဲ ဖြစ်ပါတယ်။

ဝမ်းနည်းစကားဆိုရင်း ရင်ဖွင့်လာခဲ့တဲ့ ပိုပိုကတော့ ” ဘယ်သူကိုမှ ဒုက္ခ မပေးချင်ပါဘူး ဒါပေမဲ့ ဆံချ သီလရှင် ဝတ်မဲ့ နေ့မှာတော့ ကိုယ် အရမ်း အားကိုးပြီး ချစ်ရတဲ့ သူတချို့ ရှိစေချင်တာပဲ ပြီးရင် ငိုမိမလားမသိဘူး 😭 အဘွားကိုလွမ်းတယ် 😪 ” ဆိုပြီး သူမရဲ့ လူမှုကွန်ယက်ပေါ်ကနေ မျှဝေပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

သာသနာ့ဘောင်တွင်းဝင်ရောက်ပြီး ဘုရားသမီးတော်အဖြစ်ခံယူတော့မယ့် ပိုပိုကတော့ မေလ (၂၁) ရက်နေ့ စစ်ကိုင်းမှာ သွားရောက်ဝတ်ဖြစ်မှာပဲ ဖြစ်ပါတယ်။

ငယ်ငယ်လေးကတည်းက အဖွားလက်ထဲမှာသာ ကြီးပြင်းခဲ့ရတဲ့ ပိုပိုကတော့ အဖွားဆုံးပါးသွားပြီးနောက်မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်လာခဲ့ရတဲ့ သူလေးတစ်ယောက်ပာ။ သီလရှင်ဝတ်မဲ့နေ့မှာတော့ အဖွားနဲ့ အရမ်းအားကိုးပြီး ချစ်ရသူတစ်ချို့ကို အနားရှိစေချင်ကြောင်း ရင်ဖွင့်လာခဲ့တဲ့ ပိုပိုအတွက် ပရိတ်တွေလည်း စိတ်မကောင်း ဝမ်းနည်းဖြစ်မိမယ်လို့ ထင်ပါတယ်။ မေလ (၂၁) ရက်နေ့ဆို သီလရှင်ဝတ်တော့မှာဖြစ်တဲ့ ပိုပိုအတွက် အားပေးစကားပြောပေးသွားကြဖို့လည်း မမေ့ပါနဲ့ဦးနော် မိုမိုလေး ချစ်ပရိသတ်ကြီးရေ။

Credit-momolay

Be the first to comment

Leave a Reply

Your email address will not be published.


*