ကျောက်​ကပ်​ ၁ ​ခါ​ဆေးရင်​ ၄ ​သောင်း ၅ သောင်း ကုန်​တယ်​​လေ။ အဲ့ဒီလိုမကုန်အောင် ကျောက်ကပ်ကို ဒီလို အားဖြည့်ပါ

(​ကျောက်​ကပ်​အားနည်းခြင်း၊​ကျောက်​ကပ်​လုပ်​​ဆောင်​ချက်​ကျခြင်း၊​​ကျေက်​ကပ်​​ဆေး​နေရခြင်း​၊ကျောက်​ကပ်​ပျက်​စီးခြင်း​တွေအတွက်​သဘာဝကြီး၏ပြုပြင်​ဖန်​တီး​ပေးမှု)

adz22

မိတ်​​ဆွေတစ်​​ယောက်​ ​ကျောက်​ကပ်​​ဆေး​နေရလို့ ​ကျောက်​ကပ်​​ဆေးတဲ့ဌာန တစ်​ခုကိုသွားကြည့်​ပါတယ်​ အဲဒီမှာအံ့သြရတာတစ်​ခုက ​ကျောက်​ကပ်​လာ​ဆေး​နေကြရတဲ့သူ​တွေထဲမှာ အသက်​ကြီးသူ​တွေအပြင်​ လူငယ်​​လေး​တွေပါ ​ကျောက်​ကပ်​လာ​ဆေး​နေကြရတာကို ​တွေ့ခဲ့ရတာပဲဖြစ်​ပါတယ်​။ လူငယ်​​တွေဟာ​ကျောပိုးအိ​​ပ်​လေး​တွေနဲ့ ​ကျောင်းသားအရွယ်​​တွေပါ။

ကျောက်​ကပ်​လာ ​ဆေးပြီး​ပေါ့​ပေါ့ပါးပါးပြဲပန်​ထွက်​သွားကြတယ်​။ အဲဒါ​နေ့စဉ်​ပါပဲတဲ့။ အဲ့လိုသာခဏခဏ​ဆေး​နေရရင်​မလွယ်​ဘူး။ ​ကျောက်​ကပ်​တစ်​ခါ​ဆေးရင်​ ​လေးငါး​သောင်းကုန်​တယ်​​လေ။တစ်သက်လုံးပဲဆေးနေရတော့မှာလား။

ဒီက​လေး​တွေကိုကြည့်​ပြီး​တော့ ကျ​နော်​စိတ်​မ​ကောင်းဖြစ်​မိပါတယ်​။ တရုတ်​နို့မှုန့်​လိုအဆိပ်​​တွေ​သောက်​ပြီး ကြီးလာကြရတဲ့က​လေး​တွေ ဘယ်​​လောက်​​တောင်​များ​နေပြီလဲ။ ယ​နေ့​ခေတ်​ကမ္ဘာကြီးမှာကျ​နော်​တို့ စား​သောက်​​နေရတဲ့အစားအ​သောက်​​တွေထဲမှာ ​ကျောက်​ကပ်​ကိုထိခိုက်​​စေတဲ့ အဆိပ်​အ​တောက်​​တွေအများကြီးပါ​နေတဲ့ အတွက်​လူကြီးလူငယ်​ မ​ရွေး ​ကျောက်​ကပ်​​တွေထိခိုက်​​နေကြရပါပြီ

အရင်​က​တော့​ကျောက်​ကပ်​ကို ဒုက္ခ​ပေးမယ့်​​ကျောက်​​တွေကို ​ကျောက်​ဖယုံသီးနဲ့ဖယ်​ရှား​ပေးတဲ့အ​ကြောင်း​တွေကို ပဲဦးစား​ပေးတင်​ပြခဲ့ပါတယ်​။ အခုက​တော့​ကျောက်​ကပ်​လုံးဝခံနိုင်​ရည်​ရှိ​အောင် ​​ကျောက်​ကပ်​ဆဲလ်​အသစ်​​တွေတည် ​​ဆောက်​ပြီးပြုပြင်​တဲ့နည်းလမ်းတစ်​ခုကို အမြန်​​ပေးမှဖြစ်​​တော့မယ်​လို့ ယူဆပြီးအဲဒီအ​ကြောင်းကို မျှ​ဝေချင်​ပါတယ်​။

ကျောက်​ကပ်​ဆိုတာကခန္ဓာကိုယ်​မှာ အလွန်​အ​ရေးကြီးတဲ့အင်္ဂါတစ်​ခုပါ။ ​သွေးထဲကအဆိပ်​​တွေကိုဖယ်​ထုတ်​ပြီး ဆီးလမ်း​ကြောင်းက​နေစွန့်​ပစ်​တဲ့အလုပ်​ကို လုပ်​​ပေးပါတယ်​။အဆိပ်​​တွေများလာရင်​​တော့​ကျောက်​ကပ်​လည်း ခံနိုင်​ရည်​မရှိ​တော့ဘူး။ မနိုင်​​တော့အရှုံး​ပေးရ​တော့တာ​ပေါ့။ အဲဒီမှာ​ကျောက်​ကပ်​ကဆဲလ်​​တွေစတင်​ပြီး ပျက်​စီး​တော့တာပါပဲ။ ​နောက်​ဆုံးလုပ်​​ဆောင်​ချက်​​တွေရပ်​ဆိုင်းပြီဆိုရင်​​တော့​ကျောက်​ကပ်​ပျက်​စီးသွားပါပြီ။

အဲဒီလိုပျက်​စီးခြင်းမျိုးအထိမဖြစ်​ရ​အောင်​အတွက်​ဘာလုပ်​ရမလဲ။လေမုန်​တိုင်းဒဏ်​ကိုခံနိုင်​​အောင်​ခိုင်​ခံ့တဲ့တိုက်​အိမ်​​ကောင်း​ကောင်း​ဆောက်​ထားဖို့လိုသလိုအဆိပ်​​တွေရဲ့ဒဏ်​ကိုခံနိုင်​​အောင်​မိမိရဲ့​ကျောက်​ကပ်​ကိုသံမဏိလိုတည်​​ဆောက်​ထားဖို့ပါပဲ။ကျောက်​ကပ်​ဆိုတာအ​သွေးအသားတစ်​ခုပြဲဖစ်​တယ်​။

Cell​တွေစု​ပေါင်းပြီးတည်​​ဆောက်​ထားတာဖြစ်​တယ်​။အဲဒီCell​တွေရရှိတဲ့Sourceကဘာလဲ။အ​သွေးအသား​တွေအားလုံးရဲ့sourceကအာဟာရကလာတယ်​။ဒါ​ကြောင့်​​ကျောက်​ကပ်​cell​တွေကိုတည်​​ဆောက်​​ပေးမယ့်​အာဟာရကိုရှာရမယ်​။

adz22

လူ့န္ဓာကိုယ်​မှာရှိတဲ့အင်္ဂါ​တွေအားလုံးအတွက်​အတွက်​ဖြည့်​စွက်​​ပေးမယ့်​အာဟာရကိုသဘာဝကြီးက​ပုံစံတူ​ပေးထားပြီးဖြစ်​ပါတယ်​။အဲဒါကိုလူ​တွေကနားမလည်​ကြ​တော့မသိသူ​ကျော်​သွားသိသူ​ဖော်​စားအဆင့်​မှာပဲရှိ​နေရတယ်​။ကျောက်​ကပ်​အတွက်​အားဖြည့်​​ပေးမယ့်​အစာက​တော့မြန်​မာ​တွေနဲ့မစိမ်းတဲ့ပဲကတ္တီပါ(kidney bean)ပဲဖြစ်​ပါတယ်​။

ပဲကတ္တီပါကို​သေချာ​လေ့လာကြည့်​ပါ။ ​ကျောက်​ကပ်​နဲ့တစ်​ပုံစံထည်းဖြစ်​ပါတယ်​။ ပဲကတ္တီပါမှာပါတဲ့အခါးဓာတ်​​လေးက အလွန်​အဖိုးတန်​တဲ့အင်​ဇိုင်းတစ်​ခုဖြစ်​တယ်​။ အဲဒီအင်​ဇိုင်းဟာ​ကျောက်​ကပ်​ရဲ့cell​တွေကို အသစ်​တည်​​ဆောက်​​ပေးနိုင်​တဲ့ အမိုင်​နိုအက်​စစ်​ပရိုတင်း​တွေဖြစ်​တယ်​။ ထိခိုက်​ပျက်​စီးသွားတဲ့​ကျောက်​ကပ်​အစိတ်​အပိုင်း​တွေကို cellအသစ်​​တွေနဲ့ဖာ​ထေးပြုပြင်​ပြီး​ကျောက်​ကပ်​ကိုပကတိ အ​ကောင်းအတိုင်းဖြစ်​သွား​အောင် ​လုပ်​​ပေးနိုင်​တယ်​။

ပဲကတ္တီပါမှာဗီတာမင်​E​တွေအများကြီးပါတဲ့ အတွက်​​သွေးကိုသန့်​စင်​ရာမှာအာနိသင်​ပိုထက်​မျက်​တယ်​။ ဒါ​ကြောင့်​ပဲကတ္တီပါကိုေ​ကျာက်​ကပ်​အတွက်​အ​ကောင်းဆုံးအာဟာရလို့​ပြောနိုင်​ပါတယ်​။ကောင်းလွန်းလို့လည်းအင်္ဂလိပ်တွေကပဲကတ္တီပါကိုkidney bean (ကျောက်ကပ်ပဲ)လို့အမည်ပေးထားခြင်းဖြစ်ပါတယ်။

ကျောက်​ကပ်​အမြဲတန်း​ကောင်း​စေဖို့အတွက်​ပဲ ကတ္တီပါကိုစား​ပေးရမယ်​ဆိုတာ သိရှိပြီဖြစ်​တယ်​။ သို့​သော်​လဲ​ကောင်းတယ်​ဆိုပြီးအများကြီးမစားရပါဘူး။ ပဲကတ္တီပါမှာပါတဲ့အမိုင်​နိုအက်​စစ်​ကို​ကျောက်​ကပ်​ကအများကြီးမလိုဘူး။ များသွားရင်​​ကျောက်​ကပ်​အတွက် ​အဆိပ်​ပြန်​ဖြစ်​တတ်​တယ်​။ ဒါ​ကြောင့်​သင့်​ရုံ​လောက်​ပဲစားဖို့လိုပါတယ်​။
ကျောက်​ကပ်​ကိုတစ်​သက်​လုံး​စောင့်​​ရှောက် ​ချင်​တယ်​ဆိုရင်​​တော့ ​ဆောင်​ရန်​​ရှောင်​ရန်​​လေး​တွေကို လိုက်​နာမှဖြစ်​လိမ့်​မယ်​။
ရှောင်​ရန်​ကိုအရင်​​ပြောမယ်​။ ​ကျောက်​ကပ်​ဟာအ​အေးကိုမကြိုက်​ဘူး၊ အပူကိုကြိုက်​တယ်​ ။ဒါ​ကြောင့်​မနက်​​စော​စော ​ကျောက်​ကပ်​​အေး​နေချိန်​မှာပြင်းထန်​တဲ့အားကစားမလုပ်​သင့်​ဘဲ ​နေပူဆာ​လောက်​ပဲလှုံရမယ်​ ။ပြင်းထန်​တဲ့ကိုယ်​လက်​ လှုပ်​ရှားမှုပြုရင်​ကိုယ်​တွင်းမှာ လက်​တစ်​အက်​စစ်​​တွေများလာတယ်​။

အဲဒီလက်​တစ်​အက်​စစ်​က​ကျောက်ကပ်​ရဲ့ အဆိပ်​ပြဲဖစ်​တယ်​။ ပျူရင်းဓာတ်​ကြွယ်​ဝတဲ့ အစားအ​သောက်​​တွေစားရင် ​ထွက်​လာတဲ့ယူရစ်​အက်​စစ်​ကလည်း​ကျောက်​ကပ်​ အတွက်​အဆိပ်​ပြဲဖစ်​တယ်​။ ဆိုဒီယံဆားနဲ့ဟင်းခတ်​မှုန့်​​အ ရက်သေစာသကြားဖြူ​တွေကိုလည်းမကြိုက်​ဘူး။ အဆိုးဆုံးက​တော့​ခေတ်​​ပေါ်အစားအစာ​တွေမှာပါလာတဲ့အဆိပ်​​တွေပဲ​ပေါ့။

ရုပ်​ပိုင်းဆိုင်​ရာ​ကြောင့်​​ကျောက်​ကပ်​ပျက်​စီးတာ ထက်​ကိုစိတ်​ပိုင်းဆိုင်​ရာ​ကြောင့်​ပျက်​စီး ရတာကပိုဆိုးပါတယ်​။ကြောက်​လန့်​မှုတစ် ​ခုခုနဲ့ကြုံလိုက်​ရတာနဲ့​ကျောက်​ကပ်​ကကျုံ့ပြီးရပ်​ သွား​ရော။စိတ်​ဖိစီးမှုများခြင်း၊စိုးရိမ်​​ကြောင့်​ကြခြင်း၊ စိတ်​​သောက​ရောက်​ခြင်း၊ပရိ​ဒေဝမီး​တောက်​ခြင်း ၊​ဒေါမနသဖြစ်​ခြင်း​တွေက​ကျောက်​ကပ်​ကိုတိုက်​ရိုက် ​ထိတတ်​လို့​ယောနိ​သောမနသီကာယ လို့​ခေါ်တဲသင့်​တင့်​​လျောက်​ပတ်​စွာနှလုံးသွင်း တတ်​​အောင်​ကျင့်​ထားဖို့လိုပါတယ်​။

ဆောင်​ရန်​က​တော့​ရေများများ​သောက်​ခြင်း၊ ​ကျောက်​ဖရုံသီးစားခြင်း ၊ဆိုဒီယံဆားအစားပန်း​ရောင်​​ကျောက်​ဆား။ ပင်​လယ်​ဆား၊ ပိုတက်​စီယံဆားတို့ကိုမျှသုံးခြင်း၊ အာဟာရမျှတစုံလင်​​အောင်​စား​သောက်​ခြင်း၊ လမ်း​လျှောက်​ခြင်း၊ အိပ်​​ရေးဝ​အောင်​အိပ်​ခြင်းနဲ့ဗီတာမင်​D ရ​အောင်​​နေပူဆာလှုံ​ပေးခြင်းတို့ပဲဖြစ်​ပါတယ်​။

ထမင်းကိုအသားငါးဟင်း​တွေနဲ့အမြဲစား​နေရတာမငြီး​ငွေ့ဘူးလားဗျာ။ ပဲကတ္တီပါသုတ်​​လေးနဲ့အရသာရှိရှိစားကြည့်​ပါလား။ အမယ်​များများမလိုပါဘူး။ ကြက်​သွန်​နီ၊ နှမ်းဆီ၊​ကျောက်​ဆား ၊ငရုတ်​သီးစိမ်း​တွေပဲလိုတာပါ ။ကြက်​သွန်​နီကို မွှန်​မှာ​ကြောက်​ရင်​အမွှန်​သတ်​လို့ရတယ်

adz22

 ။ကြက်​သွန်​နီကိုလှီးပြီးဗင်​နီဂါရည်၊ ဆားနဲနဲတို့​နဲ့ခဏ နယ်​နှပ်​ထားလိုက်​ပါ။ ကြက်​သွန်​နီကအမွှန်​​တွေ​ပျောက်​သွားပြီးချိုလာ​ရောဗျ ။အဲဒီ​တော့မှာပဲကတ္တီပါသုတ်​ထဲ ​ရောနယ်​ပြီးထမင်းပူပူ​လေးနဲ့စားကြည့်​ပါ။ ​ဆွေမျိုး​တောင်​​မေ့မယ်​ဗျို့……….

ချစ်​ခင်​​လေးစားလျှက်​……
စာအုပ်​အမည်​ – ပထမတန်းစားကျန်းမာ​ရေး
crd ရေးသူ – မင်း​ကျော်​ဝင်း(​နောက်​ထပ်​ထွက်​လာမည့်​ပြည်​သူ့အကျိုးပြုစာအုပ်)

1 Comment

  1. If so, you probably already be aware of
    the solid reputation stability and performance these mixers have.
    But did nonstop how easy they should be use and
    the way that easy can to find a very large amount online?

    I had an experience recently at a time latter instance.

    I’m in the process of generating a new blog in WordPress
    for Inner Clarity. I decided a form of hosting company based on a recommendation from another footwear.

    This whole blog scenario and its set-up is completely to me, so I
    have been getting lots of mental exercise learning about cpanel,
    Fantastico, and MySQL, etc. Feels like a foreign language, don’t you think?

    There can be a need for almost all patience while buying an rv.
    You should start the search from the places which are
    near to you and go far out there. You should be taking a good look at the lots of
    the dealers likewise look is apparently good deals at the ads of
    newspapers. Should not buy goods just just look positive. It is necessary to have a thoughtful check and all of your sit and
    also decide vogue worth all of your hard earned money or not.

    There are people who sell bad trailers and you need to be wary
    about them.

    One could quite possibly have either low self esteem or high self value.
    High self esteem is working with a good opinion about
    yourself, whereas low self assurance is developing
    a bad opinion about your. A person with a low self esteem generally attributes poor self image.

    Everyone would have definitely had been high self-confidence when had been kids.

    Kids do not distinguish themselves in a high-quality or bad manner.
    Are generally neither superior nor inferior, and this quality exist in play a major role in developing yourself esteem.
    A young child growing together with fine encouraging words from his parents is predicted to possess
    a good self-esteem. It can be very much important to build your
    own self esteem right from childhood. Support you preference
    become older and face tough disorders.

    If doable ! visualize creatively, then 100 % possible put
    your fears manageable. See your self as you would like to be.
    Remember: your body loves your own family has the possibility to heal itself to perfection. Your
    only job is to trust it and snoop.

    There ‘s no place for guilt the actual planet process of creation, standing on purpose, moving toward your goals, fulfilling your Heart’s Crave for.
    Guilt is the quitting of your individual empowerment to
    others explanation will last a lifetime as long as you allow it permission to keep to.

    Make a conclusion like that, and you will still receive the learning, plus
    you’ll commence more effectively, not having to process negating the fear and making the forward movements.

    Because they work with so much volume, big stores tend provide the
    best money saving deals. Simply search online for
    retail store that has lots of reviews posted for
    the product you want, and when the surveys are good, check out
    the store’s prices for that mixer. It is possible to usually look for a
    very great amount this journey. https://scr888Slot.online/index.php/download/29-sky777

Leave a Reply

Your email address will not be published.


*