“တိုင်းရင်းသားတွေဆီက မတူညီတဲ့ ရိုးရာဓလေ့တွေကိုကြိုက်တယ်ဆိုတဲ့အေးမြတ်သူ”

မမြတ်လေးလို့ခေါ်တဲ့ အေးမြတ်သူကတော့ ပုရိသတွေရဲ့ပါးစပ်ဖျားမှာရေပန်းစားနေတဲ့ ဘော်ဒီလှတဲ့ မင်းသမီးလေးတစ်ယောက်လို့ဆိုနိုင်ပါတယ်။ ရန်ကုန်မြို့မှာ ပထမဆုံး အကြိမ်ကျင်းပ ပြုလုပ်တဲ့ အာခါရိုးရာ တိုင်းရင်းသားဝတ်စုံများကိုပြသမယ့် ပွဲလေး “YSTONE FASHION & AKHA Traditional Fashion Show” ပွဲကို အေးမြတ်သူအပါအဝင် အနုပညာရှင်ပေါင်း များစွာတက်ရောက်ခဲ့တာဖြစ်ပါတယ်။ အဲပွဲလေးမှာ တိုင်းရင်သားတွေဆီက အတူညီတဲ့ ရိုရာဓလေ့တွကိုကြိုက်တယ်ဆိုတဲ့အကြောင်းမီဒီယာတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့အဓိကကတော့လက်မှုပညာဖြစ်တယ်။ ကိုယ်တိုင်လက်နဲ့ရက်ထားတဲ့ချည်တွေကို အေးမြတ်သူသဘောကျတယ်။ ရိုးရာအစဉ်တွေကို ကြိုက်တယ် ပြီးတော့ ချည်နဲ့လုပ်ထားတဲ့ လက်ရက်ကန်းဆင်တွေကိုကြိုက်တယ်။ တိုင်းရင်းသားတွေက သူတို့ဟာသူတို့ ဝါဂွမ်းစိုက်တယ် ဝါဂွမ်းကနေမှ ချည်ရအောင်လုပ်တယ်။ ပြီးတော့မှ ကိုယ်ခြုံမယ့် စောင်တို့အဝတ်တို့ပြန်လုပ်တယ်။ တိုင်းရင်သားတွေက ကိုယ်စိုက်လို့ရတဲ့ဟာနဲ့ကိုယ်သုံးစွဲဖို့လုပ်ကြတယ်။ တိုင်းရင်းသားတွေမှာမတူညီတဲ့ ရိုးရာအမွေအနှစ်တွေနဲ့ ချစ်ရာကောင်းတဲ့ ရိုရာအမွေအနှစ်တွေအများကြီးရှိတယ် အဲလိုမျိုးကိုအေးမြတ်သူအရမ်းကြိုက်တယ်။ တချို့ဗမာစကားသိပ့်မတတ်တဲ့လူတွေဆို တအားချစ်ဖို့ကောင်းတယ်။လူစိမ်းကြောက်တယ် အရှက်လည်းကြီးတယ်လို့ထင်ပါတယ် လို့ ပြောပြထားပြီးတော့

ရိုးရာဆင်တွေနဲ့ပတ်သက်ပြီးတော့လည်း“ ရိုးရာဆင်တွေကို နိုင်ငံခြားကလည်း သဘောကျတယ်ထင်တယ်။ နိုင်ငံခြားကလူတွေ ပုံတူယူပြီးတော့ပြုလုပ်နေတာလည်းတွေတော့ အေးမြတ်သူ အရမ်းဂုဏ်ယူရပါတယ်။ သူတို့ဟာတွေက ရိုးရာဆင်တွေကအရမ်းဈေးကြီးတယ်။ ရိုးရာစစ်တယ်ဆိုအရမ်းဈေးကြီးတယ် ။ ဘာလို့ဆိုတော့သူကအရမ်းအချိန်ပေးရတယ်။ ဒါလေးတွေကိုလည်းနောက်ထပ်ပေါ်ထွက်လာစေချင်ပါတယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။ ပရိသတ်ကြီးရော အေးမြတ်သူလို ရိုးရာ ဆင်လေးတွေကြိုက်လားဆိုတာ မှတ်ချက်လေးရေးပေးခဲ့ပါဦး။

Be the first to comment

Leave a Reply

Your email address will not be published.


*