လုံလုံခြုံခြုံလေးဝတ်စားကာ ပွဲအခမ်းအနားတစ်ခုကိုတက်ရောက်ခဲ့တဲ့ သင်ဇာ

Sexy ကျကျအမိုက်စားခန္ဓာကိုယ်ကောက်ကြောင်းအလှတွေကြောင့် ပုရိသတွေတဖြုတ်ဖြုတ်ကြွေဆင်းနေရသူလေးကတော့ မင်းသမီးချောလေးသင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။ သင်ဇာဟာ ဆယ်စုနှစ်ကျော်တိုင်အောင် ပရိသတ်တွေရဲ့ချစ်ခင်အားပေမှုတွေနဲ့အနုပညာလမ်းကြောင်းမှာအောင်မြင်မှုတွေနဲ့လျှောက်လှမ်းနေသူလေးပါ။ ဝေဖန်မှုတွေနဲ့ကြုံတွေ့ရသော်လည်း သူမလျှောက်လှမ်းရမဲ့ပန်းတိုင်ကိုနောက်မဆုတ်ပဲလျှောက်လှမ်းနေသူလေးပါ။

သူမဟာ မကြာသေးခင်ကပဲ ချစ်ရသူလေးနဲ့အတူ ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေကို အပန်းဖြေခရီးထွက်ထားတာပါ။ ချစ်သူကလည်း သင်ဇာအပေါ်တန်ဖိုးထားချစ်မြတ်နိုးပြီး အလုပ်တွေမအားလပ်တဲ့ကြားကတောင် လာရောက်တွေ့ဆုံခဲ့တာကြောင့်လည်း သင်ဇာတစ်ယောက်အပျော်ကြီးပျော်နေရတာပါ။ သူမရဲ့ချစ်သူဟာ လူမျိုးခြားဖြစ်လို့ ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရသော်လည်း တစ်ယောက်လက်ကိုတစ်ယောက်တွဲကာ သူတို့ရဲ့အချစ်ခရီးလမ်းကို ပျော်ရွှင်စွာလျှောကိလှမ်းနေကြတာပါ။

သင်ဇာဟာ လက်ရှိမှာတော့ သရုပ်ဆောင်ပိုင်တံခွန်နဲ့အတူ မန္တလေးမြို့ရှိ Canal + ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့တဲ့ပုံရိပ်တွေကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ လွန်ခဲ့တဲ့နာရီပိုင်းကဝေမျှထားတာပါ။ ဒီပွဲလေးမှာ သင်ဇာတစ်ယောက် လုံလုံခြုံခြုံအမိုက်စားဖက်ရှင်လေးနဲ့ ပွဲတက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ကဲ သင်ဇာရဲ့အမိုက်စားပုံရိပ်တွေကို စောင့်မျှော်နေတဲ့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်နော်။