Block လုပ်ရတဲ့ အကြောင်းအရင်းကို ဖွင့်ပြောလာတဲ့ စိုင်းစိုင်း

စိုင်းစိုင်းခမ်းလှိုင်ကတော့ သူ့ရဲ့ အောင်မြင်မှုကို အချိန်တွေအကြာကြီး ဆယ်စုနှစ်တစ်ခုကျော်ကြာတဲ့ အထိ လုံးဝ နာမည်ကျသွားတာမျိုးမရှိပဲ ထိန်းထားနိုင်တဲ့သူပါ။ဟိုးအရင်တည်းက မိန်းကလေးပရိသတ်တွေရဲ့ သဲသဲလှုပ်ဝန်းရံ အားပေးခံထားရတဲ့ စိုင်းစိုင်းဟာ ဒီနေ့ အထိလည်း မိန်းကလေးပရိသတ်တွေရဲ့ ၀န်းရံအားပေးခြင်းကိုခံနေရဆဲပါ။

မြန်မာနိုင်ငံမှာ မိန်းကလေးပရိသတ်အများဆုံး ဆယ်လီ ကတော့ စိုင်းစိုင်းပါ။ သီချင်းအယ်ဘမ်သစ်ပဲ ထွက်ထွက်၊ မွေးနေ့ Showပဲလုပ်လုပ်၊နောက်ဆုံးစိုင်းစိုင်းရဲ့ Cosmetic လုပ်ငန်းမှာ Product သစ်ပဲထွက်ထွက် သူ့ နောက် မှာ အားပေးမယ့် အမာခံပရိသတ်တွေ အများကြီးကို ပိုင်ဆိုင်ထားသူပါ။စိုင်းစိုင်းကတော့ သူ့ဘ၀မှာ လူတစ်ချို့ကို Block လုပ်ရတဲ့အကြောင်းအရင်းကို ထုတ်ပြောလိုက်ပါတယ်။

ရင်ထဲကလာတဲ့ ခံစားချက်လေးတွေကို အရေးအသားကောင်းကောင်းနဲ့ ရင်ဖွင့်ရေးသားတတ်တဲ့ စိုင်းစိုင်းကတော့ ဒီတစ်ခါမှာ Block လုပ်တာနဲ့ ပတ်သက်တဲ့ ခံစားချက်ကို ရေးသားထားပါတယ်။Block တယ်ဆိုတာ စိတ်ဆိုးလို့လည်း မဟုတ်သလို မုန်းလို့လည်း မဟုတ်ပါဘူးဆိုပြီး အခုလို ပြောထားပါတယ်။

“ဒီနောက်ပိုင်းတော့ကိုယ့်မနက်ခင်းတွေကို ညစ်နွမ်းစေမယ့် ပုံတွေ post တွေလာတင်ရင်Comment တွေမှာ လာပြရင် Chat Box ကနေလာပို့ရင် ရိုးရိုးလေးပဲ Block လုပ်လိုက်တာပါပဲကိုယ်ခန္ဓာအတွက် ဥပါဒ်ဖြစ်စေမယ့် အစားအသောက်တွေ ကျနော်တို့ရှောင်ရှားရသလိုမသန့်ရှင်းတဲ့လေထုကို မရှူရှိုက်သင့်သလို

ကိုယ့်ရဲ့စိတ်ကို အဆိပ်အတောက်ဖြစ်စေမယ့်အရာတွေ ကိုယ့်ရဲ့အတွေးတွေကို နောက်ကျိစေမယ့် လူတွေကိုကိုယ့်မြင်ကွင်းကနေ ယုံကြည်ယုံကြည်ပဲ ပယ်ဖျက်ပါတယ်Block တယ်ဆိုတိုင်း စိတ်ဆိုးလို့လည်း မဟုတ်သလို မုန်းလို့လည်း မဟုတ်ပါဘူးတစ္ဆေသရဲတွေလိုပေါ့ဗျာ ကိုယ်ကမှ မမြင်ချင်တာကိုး#PositiveVibesOnly…”

Be the first to comment

Leave a Reply

Your email address will not be published.


*