ပန်းနုရောင်ဝတ်စုံလှလှလေးနဲ့ လှသွေးကြွယ်နေတဲ့ ယွန်းယွန်းရဲ့ ပုံရိပ်တွေ

ကလေးသရုပ်ဆောင် ဘဝကတည်းက ပရိသတ်တွေကို ခံစားချက်ရသတွေ မျိုးစုံပေးနိုင်ခဲ့တဲ့ ချစ်စရာကောင်မလေး ယွန်းယွန်းကတော့ လက်ရှိမှာ အရောင်အသွေးစုံလင်တဲ့ အပျိုမလေး ဖြစ်လို့နေပါပြီ။ အရွယ်​​ရောက်​လာ​လေ ပိုပိုလှလာ​လေ ဖြစ်​တဲ့ ယွန်းယွန်း​လေးက​တော့ အခုဆိုရင်​ မင်းသမီးတစ်​ဦးအ​နေနဲ့ သရုပ်​​ဆောင်​​နေရပြီပဲ ဖြစ်​ပါတယ်​။ လတ်တလောမှာတော့ ယွန်းယွန်းလေးက ပန်းနုရောင်ဝတ်စုံလှလှလေးနဲ့ လှသွေးကြွယ်နေတဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ တင်ထားတာတွေ့ရပါတယ်နော်။

ချစ်ပရိသတ်တွေအတွက် မြင်ရသူတွေရဲ့ရင်ကို အေးချမ်းစေမယ့် ပန်းရောင်နတ်သမီးလေး ယွန်းယွန်းရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ယွန်းယွန်းကတော့ ” Love is in the air.. ♡ ” ဆိုတဲ့စာသားလေးနဲ့ သူမရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

လှရက်လိုက်တာ ကလေးရယ်…။

ယွန်းယွန်းရဲ့ ပန်းနုရောင် ဝတ်စုံလှလှလေးကိုတော့ ဒီဇိုင်နာ ဌေးဌေးတင်က ပုံဖော်ပြီး ဆင်မြန်းပေးထားတာပဲ ဖြစ်ပါတယ်။

ဆယ်ကျော်သက် တစ်ယောက်ဖြစ်တဲ့ ယွန်းယွန်းရဲ့ အလှတရားတွေကတော့ အရမ်းကို ကျက်သရေရှိနေတာပဲနော်။

ချစ်ဖို့ကောင်းလိုက်တာ ယွန်းယွန်းလေးရယ်။

ယွန်းယွန်းက​တော့ လတ်​တ​လောမှာ ဇာတ်​ကား​တွေ ဆက်​တိုက်​ရိုက်​ကူးဖြစ်​​နေပြီး တစ်​ခြား​သောအနုပညာအလုပ်​​တွေလည်း လုပ်​ကိုင်​ဖြစ်​​နေတာ ​တွေ့ရပါတယ်​။ သရုပ်​​ဆောင်​ ပီပြင်​လွန်းတာ​ကြောင့်​လည်း က​လေးသရုပ်ဆောင်ဘဝမှာ “တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆု ရရှိထားပါသေးတယ်။ ချစ်​ပရိသတ်​​တွေလည်း အရမ်းကိုလှလာတဲ့ ယွန်းယွန်း​လေးကိုချစ်​ရင်​ မျှဝေအားပေးသွားကြဖို့ မ​မေ့ပါနဲ့​နော်​။