အိမ်ထောင်ပြုခဲ့ပေမယ့်လည်း အပျိုပါပဲလို့ဆိုတဲ့ နန်းမွေစံ

ပုရိသ ယောက်ျားတွေ စွဲမက်လောက်တဲ့ ခန္ဓာကိုယ်ကောက်ကြောင်းတွေနဲ့ ဆက်စီကျကျ အဝတ်အစားတွေနဲ့ ဆက်စီကျကျ ဓာတ်ပုံတွေရိုက်လေ့ ရှိတဲ့ ဆက်စီModel တစ်ဦုးဖြစ်သလို ဆရာဝန်တစ်ဦးပါဖြစ်တဲ့ နန်းမွေစံကတော့ အရမ်း ဆက်စီကျလွန်းတာတွေကိုဝတ်တဲ့အတွက် သူရဲ့ ဆေးကုသခွင့် ဆမ လိုင်စင်ကို ပိတ်သိမ်းခံရပြီး









ခရက်ဒစ်- Nanmalကြီး

ယူနီကုဒ်ဖြင့် ဖတ်ရန်

ပုရိသ ယောက်ျားတွေ စွဲမက်လောက်တဲ့ ခန္ဓာကိုယ်ကောက်ကြောင်းတွေနဲ့ ဆက်စီကျကျ အဝတ်အစားတွေနဲ့ ဆက်စီကျကျ ဓာတ်ပုံတွေရိုက်လေ့ ရှိတဲ့ ဆက်စီModel တစ်ဦးုဖြစ်သလို ဆရာဝန်တစ်ဦးပါဖြစ်တဲ့ နန်းမွေစံကတော့ အရမ်း ဆက်စီကျလွန်းတာတွေကိုဝတ်တဲ့အတွက် သူရဲ့ ဆေးကုသခွင့် ဆမ လိုင်စင်ကို ပိတ်သိမ်းခံရပြီး

မကြာခဲ့မှာပဲ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က မင်္ဂလာဆောင်ခဲ့တဲ့ ပုံရိပ်တွေကလည်း လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံနှံ့ခဲ့ပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး နန်းမွေစံက အိမ်ထောင်ပြုခဲ့ပေမယ့် ကိုယ့်ကိုယ်ကိုယ် ခံယူထားတာ အပျိုပါပဲလို့အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

နန်းမွေစံက “သူနဲ့က မင်္ဂလာဆောင်ထားတာ ကြာတော့ကြာပါပြီ ကြာပြီဆိုတာက ပေါင်းလိုက်ရတဲ့အချိန်က ဘာမှမကြာဘူး။ သူများတစ်လပေါင်းသလောက်တောင်မရှိဘူး။ ဘာလို့ဆိုတော့ မွေစံတို့က Long Distance လေ မွေစံကတစ်နေရာ သူက တစ်နေရာဆိုတော့ ဘာမှမထူးဘူး အဲ့တော့ ကိုယ့်ကိုယ်ခံယူထားတယ် လုံးဝအပျိုပဲ

အဲ့တာက တကယ်တမ်းပြောရင်တော့ Personal Atrack ပေါ့နော်။ မွေစံဒီလိုမျိုးတွေ ဖြစ်လာလေလေ အရင်တုန်းက ဟာတွေလည်း ပြန်ပြီးတော့ တူးဖော်လာတာပေါ့ ဒါပါပဲ လူတွေရဲ့အကျင့်ပေါ့နော်။ ဒါပေမဲ့ အဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာမှမပြောချင်တော့ဘူး။ ဒီကိစ္စကလည်း ဘာမှ အပြစ်ပြောစရာမရှိဘူးလေ မွေစံနဂိုကတည်းကလိမ်ထားတာလဲ ဘာမှမရှိဘူး

ကိုယ့်ကိုယ်ကိုယ် အော် ဟုတ်တယ် အဲ့တာပဲလေ သိပ်ဆိုးဆိုးရွားရွား ဘာပြောစရာရှိလို့လဲ ဒါက ကမ္ဘာပေါ်မှာလလည်း ဘာမှ ထူးဆန်းတဲ့ အရာမဟုတ်ဘူး လူတကာဖြစ်ပျက်နေကြတာပဲလေ။”လို့ပြောသွားခဲ့ပါတယ်။

ကွာရှင်းဖြစ်တာနဲ့ ပတ်သက်ပြီးတော့လည်း နန်းမွေစံက “ဘာကြောင့်လဲဆိုတော့ မွေစံကို အရမ်းချုပ်ချယ်တယ်ကွာသိလား နောက်ဆုံး လက်တွေပါ ပါတယ်။ မိန်းမတစ်ယောက်ကို လက်ပါတာတွေက အဆင်မပြေဘူး။ အဲ့လိုမျိုးတွေ ပါလာတယ် သူများကိုလည်း မကောင်းမပြောချင်ပါဘူး။

အဲ့လိုကိစ္စလေးတွေ ရှိတယ် ပြီးရင် ဟိုဟာမလုပ်ရဘူး ဒီဟာမလုပ်ရဘူး။ ပြီးတော့ကိုယ့်ရဲ့ Woman Right တွေလည်း ပါလာတယ်။ အဲ့တာကြောင့် ဘယ်လိုမှ အဆင်မပြေလို့ ကွာရှင်းခွင့်တောင်းလိုက်တာ။ လုံးဝကင်းရှင်းတယ် ကင်းရှင်းတာလဲ ကြာလှပြီ အခုတစ်ယောက်တည်း အေးအေးဆေးဆေး တည်တည်တံ့တံ့ပဲ။

ဒါက အခုမှ ဆမ နဲ့ ပတ်သက်တဲ့ သတင်းတွေ ထွက်လာတယ် ပိုပြီးတော့ လူတွေကြားထဲမှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူတွေ သိလာတဲ့ အချိန်ကြတော့ အရင်တုန်းက အတိတ်တွေကို ပြန်ပြီးတော့ ပေါ်လာတာပေါ့။ ဒါကတော့ ထုံးစံပါပဲ ဘယ်သူမဆို ကြုံရမှာပါပဲ။”လို့ ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း”အခုလိုပုံတွေ ပြန်တက်လာတော့လည်း သတိတောင်ရသွားတယ် ကိုယ့်ကိုယ်ကိုယ်သတိရတာပါ ဟိုတစ်ယောက်ကို သတိရတာမဟုတ်ပါဘူး။ ငါငယ်ငယ်တုန်းတုန်းက ရိုးရိုးလေးပဲပေါ့။ ပိန်ပိန်လေး ချစ်စရာလေးဆိုပြီး သတိရတာပါ ကျန်တာတော့ ဘယ်လိုမှမနေဘူး။

ခရက်ဒစ်- Nanmalကြီး