ေမြးရပ္ရြာေလးမွာ ေရႊတိဂံုပံုစံတူ ေစတီဘုရားေလးတည္မယ့္ ျဖဴျဖဴေထြး

ဟာသဗီဒီယိုေလးေတြ ရိုက္ရင္း ပရိသတ္ေတြမ်ားလာျပီး ေအာင္ျမင္လာတဲ့ ျဖဴျဖဴေထြးတေယာက္ကေတာ့ လက္ရွိမွာေတာ့ သရုပ္ေဆာင္ တေယာက္အေနနဲ႔ ရပ္တည္ေနျပီး ဇာတ္လမ္းတိုေတြ ေၾကာ္ျငာေတြကို ရိုက္ေနရျပီ ျဖစ္ပါတယ္။ ျဖဴျဖဴေထြးကေတာ့ သူနာမည္ၾကီးလာတာနဲ႔ အေလ်ာက္သူေနထိုင္တဲ့ ရြာေလးကို တစနဲ႔ တစ တိုးတက္ေအာင္ ျပဳလုပ္ေနတာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ျဖဴျဖဴေထြးတေယာက္ သူမရဲ့ ရြာေလးမွာ ဘုရားတည္ဖို႔ၾကိဳးစားေနျပီး မီးရေအာင္လည္း ၾကိဳးစားေနတာ ျဖစ္ပါတယ္။ ျဖဴျဖဴေထြးကေတာ့ အင္တာဗ်ဴးတြင္ ဘုရားေက်ာင္းေဆာက္လုပ္္မယ့္ ကိစၥနဲ႔ ပတ္သက္ျပီး “ဒါကိုေတာ့ မိုးတြင္းျပီးမွ စလုပ္ျဖစ္မွာပါ။ သမီးစျပီးေတာ့ ဆြဲေတာ့မွာပါ။ အဓိကကေတာ့ ပံုစံတူက ေရႊတိဂံုဘုရားနဲ႔ပံုစံတူေလးတည္မွာ သိမ္ေလးေတြလည္း ေဆာက္ျဖစ္မယ္။

အလွဴရွင္ေတြလည္း အမ်ားၾကီးေပၚလာျပီ။ သိန္း ၅၀ လွဴမယ့္လူနဲ႔ သိန္း ၆၀ လွဴမယ့္လူနဲ႔ အမ်ားၾကီးပဲ။ အဆင္ကိုေျပေနတာေပါ့။ ဒါကေတာ့ ကုသိုလ္ေရးမွာ လက္မေႏွးတဲ့သူေတြေပါ့။ သမီးတို႔န႔ဲေနာက္ဘဝေတြမွာလည္း ေရစက္ဆံုဦးမွာ ညီမရဲ့ ရြာနာမည္က မႏၱေလးတိုင္း၊ မိတၳီလာခရိုင္၊ မလိုင္ျမိဳ႔နယ္၊ ေျမနီကုန္းရြာပါ။

အရင္တုန္းက ေျမနီကုန္းရြာဆို ဘယ္သူမွမသိဘူး။ အခုဆိုရင္ ျဖဴျဖဴေထြးရွိတဲ့ရြာဆိုျပီး အားလံုးသိတယ္။ သူမ်ားရြာေတြကလည္းလာလည္ၾကတယ္။ သမီးအေနနဲ႔ တရြာလံုးအတြက္ကုိ အေကာင္းဆံုး ရပ္တည္ေပးသြားမွာပါ။ မီးနဲ႔ ပတ္သက္ျပီးေျပာလိုက္လို႔ရွိရင္လည္း လွဴမယ့္သူေတြ ရွိတယ္ေပါ့ေနာ္

မီးနဲ႔ပတ္သက္ျပီးလည္း မၾကာခင္မွာမီးရေတာ့မွာေပါ့။ အလွဴရွင္ေတြလည္း မ်ားမ်ားေပၚလာပါေစ။ လွဴမယ့္သူေတြလည္း လွဴမယ္ေျပာတယ္။ တခ်ိဳ႔ေက်းလက္ေတြမွာက်ေတာ့ မီးနဲ႔ပတ္သက္ျပီး တကယ္ကို အခက္အခဲကိုျဖစ္ေနတာပါ။ ရြာမွာက သိန္း ၅၀ သြင္းႏိုင္ရင္ ဓါတ္တိုင္လာခ်ေပးတယ္တဲ့။ အခုေလာေလာဆယ္ သိန္း ၅၀ ျပည့္ေအာင္ေတာ့ ၾကိဳးစားေနတာေပါ့။

ေရကေတာ့အဆင္ေျပပါတယ္။ ေရခ်ိဳးခန္းေတြမွာ မခ်ိဳးခ်င္လည္း ေခ်ာင္းေတြထဲမွာ သြားခ်ိဳးလို႔ရတယ္။ ကမ္းေျခလိုမ်ိဳး အပန္းေျဖလို႔ရတာေပါ့။ မီးရဖို႔ကေတာ့ လိုေတာ့လိုေသးတယ္။ သားတို႔ေရွ႔မွာ ျမိဳ႔ပံုစံလို ရြာေလးေတြ ရွိေသးတယ္။ ရြာၾကီးေလးေတြေပါ့။ အိမ္ေျခ ၁၀၀၊ ၂၀၀ ေလာက္ရွိတဲ့ ရြာေတြေတာင္မရေသးဘူးဆိုေတာ့ သားတို႔ဖက္ရဖို႔ဆိုတာ နည္းနည္းေတာ့လိုေသးတယ္ထင္တယ္။

အႏုပညာလႈပ္ရွားမႈကေတာ့ ဓါတ္ေျမၾသဇာ ေၾကာ္ျငာရိုက္ျဖစ္မယ္။ လိုးရွင္းေၾကာ္ျငာရိုက္ျဖစ္မယ္။ ဆိုလာေၾကာ္ျငာရိုက္ျဖစ္မယ္။ ဆပ္ျပာေၾကာ္ျငာရိုက္ျဖစ္ပါမယ္။ အားလံုးေပါင္းကေတာ့ ဆယ္ခုေလာက္ရွိမယ္” ဟု ေျပာၾကားသြားခဲ့ပါတယ္။

ခရက္ဒစ္ – နာမည္gyi

ယူနီကုဒ္ျဖင့္ ဖတ္ရန္

ဟာသဗီဒီယိုလေးတွေ ရိုက်ရင်း ပရိသတ်တွေများလာပြီး အောင်မြင်လာတဲ့ ဖြူဖြူထွေးတယောက်ကတော့ လက်ရှိမှာတော့ သရုပ်ဆောင် တယောက်အနေနဲ့ ရပ်တည်နေပြီး ဇာတ်လမ်းတိုတွေ ကြော်ငြာတွေကို ရိုက်နေရပြီ ဖြစ်ပါတယ်။ ဖြူဖြူထွေးကတော့ သူနာမည်ကြီးလာတာနဲ့ အလျောက်သူနေထိုင်တဲ့ ရွာလေးကို တစနဲ့ တစ တိုးတက်အောင် ပြုလုပ်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဖြူဖြူထွေးတယောက် သူမရဲ့ ရွာလေးမှာ ဘုရားတည်ဖို့ကြိုးစားနေပြီး မီးရအောင်လည်း ကြိုးစားနေတာ ဖြစ်ပါတယ်။ ဖြူဖြူထွေးကတော့ အင်တာဗျူးတွင် ဘုရားကျောင်းဆောက်လုပ်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး “ဒါကိုတော့ မိုးတွင်းပြီးမှ စလုပ်ဖြစ်မှာပါ။ သမီးစပြီးတော့ ဆွဲတော့မှာပါ။ အဓိကကတော့ ပုံစံတူက ရွှေတိဂုံဘုရားနဲ့ပုံစံတူလေးတည်မှာ သိမ်လေးတွေလည်း ဆောက်ဖြစ်မယ်။

အလှူရှင်တွေလည်း အများကြီးပေါ်လာပြီ။ သိန်း ၅၀ လှူမယ့်လူနဲ့ သိန်း ၆၀ လှူမယ့်လူနဲ့ အများကြီးပဲ။ အဆင်ကိုပြေနေတာပေါ့။ ဒါကတော့ ကုသိုလ်ရေးမှာ လက်မနှေးတဲ့သူတွေပေါ့။ သမီးတို့နဲ့နောက်ဘဝတွေမှာလည်း ရေစက်ဆုံဦးမှာ ညီမရဲ့ ရွာနာမည်က မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလိုင်မြို့နယ်၊ မြေနီကုန်းရွာပါ။

အရင်တုန်းက မြေနီကုန်းရွာဆို ဘယ်သူမှမသိဘူး။ အခုဆိုရင် ဖြူဖြူထွေးရှိတဲ့ရွာဆိုပြီး အားလုံးသိတယ်။ သူများရွာတွေကလည်းလာလည်ကြတယ်။ သမီးအနေနဲ့ တရွာလုံးအတွက်ကို အကောင်းဆုံး ရပ်တည်ပေးသွားမှာပါ။ မီးနဲ့ ပတ်သက်ပြီးပြောလိုက်လို့ရှိရင်လည်း လှူမယ့်သူတွေ ရှိတယ်ပေါ့နော်

မီးနဲ့ပတ်သက်ပြီးလည်း မကြာခင်မှာမီးရတော့မှာပေါ့။ အလှူရှင်တွေလည်း များများပေါ်လာပါစေ။ လှူမယ့်သူတွေလည်း လှူမယ်ပြောတယ်။ တချို့ကျေးလက်တွေမှာကျတော့ မီးနဲ့ပတ်သက်ပြီး တကယ်ကို အခက်အခဲကိုဖြစ်နေတာပါ။ ရွာမှာက သိန်း ၅၀ သွင်းနိုင်ရင် ဓါတ်တိုင်လာချပေးတယ်တဲ့။ အခုလောလောဆယ် သိန်း ၅၀ ပြည့်အောင်တော့ ကြိုးစားနေတာပေါ့။

ရေကတော့အဆင်ပြေပါတယ်။ ရေချိုးခန်းတွေမှာ မချိုးချင်လည်း ချောင်းတွေထဲမှာ သွားချိုးလို့ရတယ်။ ကမ်းခြေလိုမျိုး အပန်းဖြေလို့ရတာပေါ့။ မီးရဖို့ကတော့ လိုတော့လိုသေးတယ်။ သားတို့ရှေ့မှာ မြို့ပုံစံလို ရွာလေးတွေ ရှိသေးတယ်။ ရွာကြီးလေးတွေပေါ့။ အိမ်ခြေ ၁၀၀၊ ၂၀၀ လောက်ရှိတဲ့ ရွာတွေတောင်မရသေးဘူးဆိုတော့ သားတို့ဖက်ရဖို့ဆိုတာ နည်းနည်းတော့လိုသေးတယ်ထင်တယ်။

အနုပညာလှုပ်ရှားမှုကတော့ ဓါတ်မြေသြဇာ ကြော်ငြာရိုက်ဖြစ်မယ်။ လိုးရှင်းကြော်ငြာရိုက်ဖြစ်မယ်။ ဆိုလာကြော်ငြာရိုက်ဖြစ်မယ်။ ဆပ်ပြာကြော်ငြာရိုက်ဖြစ်ပါမယ်။ အားလုံးပေါင်းကတော့ ဆယ်ခုလောက်ရှိမယ်” ဟု ပြောကြားသွားခဲ့ပါတယ်။

ခရက်ဒစ် – နာမည်gyi