ရိုက်ကွင်းမှာ မြင်းပေါ်ကပြုတ်ကျပြီး ခါးရိုးကျိုးသွားတဲ့ လူကြမ်းသရုပ်ဆောင်ဂျစ်သားအတွက် သွားရောက်လှူဒါန်းခဲ့တဲ့ အောင်ခိုင်

လူကြမ်းသရုပ်ဆောင်ဂျစ်သားဟာ ဘီးလင်းမြို့ တွင် ဇာတ်ကား ရိုက်ကူးရင်း မြင်းပေါ်မှ ပြုတ်ကျကာ ခါးဆစ်ရိုး တစ်ရိုး ကျိုးသွားတယ် လို့ သိရပါတယ်။ပရိသတ်တွေကတော့ လူကြမ်းသရုပ်ဆောင်ဂျစ်သားအတွက် စိတ်မကောင်းဖြစ်နေကြပြီး အမြန်ဆုံးသက်သာလာကာ အနပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နိုင်ပါစေလို့ ဆုတောင်းပေးနေကြပါတယ်။

လူကြမ်းသရုပ်ဆောင်ဂျစ်သားဟာ လူကြမ်းအနေနဲ့ ဇာတ်ကားပေါင်းများစွာမှာ ပါဝင်ထားတာဖြစ်ပါတယ်။ ရိုက်ကွင်းမှာ မြင်းပေါ်ကပြုတ်ကျပြီး ခါးရိုးကျိုးသွားတဲ့ လူကြမ်းသရုပ်ဆောင်ဂျစ်သားအတွက် ကိုလူချောအဖွဲ့ဥက္ကဌဖြစ်တဲ့ ဦးအောင်ခိုင်က CBထိခိုက်မှုအာမခံဌာနမှငွေကျပ်ငါးသိန်း(500000/)ထောက်ပံ့မှုအားတာဝန်ခံထုတ်ယူပြီးအိမ် တိုင်ယာရောက်ပို့ပေးခဲ့ပါတယ်။

ဦးအောင်ခိုင်ကတော့ ” ရုပ်ရှင်ရိုက်ကွင်းမှာမတော်တဆဖြစ်ပြီးခါးရိုးကျိုးသွားတဲ့သရုပ် ဆောင်ဂျစ်သားအားCBထိခိုက်မှုအာမခံဌာနမှငွေကျပ်ငါးသိန်း(500000/)ထောက်ပံ့မှုအားတာဝန်ခံထုတ်ယူပြီးအိမ် တိုင်ယာရောက်ပို့ပေးခဲ့ပါသည်ကိုဂျစ်သားအားကူညီထောက် ပံ့ပေးပါသောဦးထွန်းထွန်း=CBအာမခံလုပ်ငန်းနှင့်စာနာစိတ် ဖြင့်ကိုတိုင်လာရောက်လှူဒါန်းကြပါသောပရိသတ်များအားကို ဂျစ်သားကိုယ်စားကိုလူချောအဖွဲ့မှအထူးကျေးဇူးတင်ပါကြောင်းမှတ်တမ်းတင်အပ်ပါသည်=13/6/2019 ” ဆိုပြီး ရေးသာထားပါတယ်။