အစက တို႔ႏွစ္ေယာက္ မေတြ႔ခဲ့ရင္ အေကာင္းသား ….

Rear view of lonely man looking with hope at horizon with sunlight during sunset with effect of light at the end of tunnel

” ပိုင္ဆိုင္ရဖို႔ ကံ ပါမလာဘူး ဆိုရင္ စြန္႔လႊတ္ႏိုင္ေအာင္ ႀကိဳးစားပါ ” တဲ့ …..

ရယူၿပီးမွ ျပန္ေပးလိုက္ ရတဲ့ ခံစားခ်က္မ်ိဳး ဘဝမွာ ခံရ အခက္ခဲဆံုး ဆိုတာ ကိုယ့္တိုင္ ၾကံဳဖူးမွ သိတာ ။ ဒါေၾကာင့္ တခ်ိဳ႕ ကံတရားေတြက အစထဲက လဲြဖယ္သြား ခဲ့ရင္လည္း အေကာင္းသား ။

” ေ႐ွးဘဝက ေရစက္သာ ရိွရင္ ဘယ္ေလာက္ပဲ ေဝးေဝး ဆံုႏိုင္တယ္ ” တဲ့ …..

ဆံုခဲ့ရ ၿပီးမွ ေဝးကြာသြားရတဲ့ သံေယာဇဥ္မ်ိဳး ဘဝမွာ လက္ခံဖို႔ မလြယ္ႏိုင္ဘူး ဆိုတာ မေမ့ႏိုင္တဲ့ သူမ်ိဳးေတြ အတြက္ သိပ္ကို ခံရခက္ လြန္းတယ္ ။ ဒါေၾကာင့္ မဆံုႏိုင္မွန္း သိရဲ႕သားနဲ႔ အစထဲက မေတြ႔ခဲ့ရရင္ အေကာင္းသား ။

ေ႐ွးဘဝက ေရစက္သာ ရိွရင္ ဘယ္ေလာက္ပဲ ေဝးေဝး ဆံုႏိုင္တယ္

” နားမလည္ခ်င္ ေတာ့တဲ့ တေန႔ ဥေပကၡာျပဳ ႏိုင္ေအာင္ ႀကိဳးစားပါ ” တဲ့ …..

ေပးဆပ္ခဲ့ ရတဲ့ အရင္းအႏွီးေတြက အခ်ိန္ေတြမို႔ လြယ္လြယ္နဲ႔ သင္ပုန္းေခ်ဖို႔ ဆိုတာ တကယ့္ကို မလြယ္ကူလွဘူး ။ ျပဳသူနဲ႔ ခံရသူက ဘယ္သူ ပိုနာက်င္ေစရ ပါသလဲ ။ ဒါေၾကာင့္ တခ်ိဳ႕ ပတ္သတ္မႈ ေတြက အစထဲ မရင္းႏွီး ၊ မဆက္ဆံခဲ့ ရရင္ အေကာင္းသား ။

” မေမ့ႏိုင္ခဲ့ရင္ေတာင္မွ ခြင့္လြတ္ႏိုင္ဖို႔ ႀကိဳးစားပါ ” တဲ့ …..

သူေပ်ာ္ပါေစ ဆိုတဲ့ စိတ္နဲ႔ လြတ္တင္ခဲ့ ဖူးတဲ့ မိုးပ်ံေဘာလံုးေလးလို သူကိုယ့္အနားက အေဝးကို ေရာက္သြားတိုင္း ကိုယ့္ေပ်ာ္ရႊင္မႈ ေတြလည္း ပါသြားခဲ့ရတဲ့ ဒဏ္ရာမ်ိဳး ေပးဆပ္ဖူးသူတိုင္း ၾကံဳဖူးမွာပါ ။ ဒါေၾကာင့္ တခ်ိဳ႕ အရာေတြက သူေပ်ာ္ပါေစ ဆိုၿပီး ကိုယ့္ေပ်ာ္ရႊင္မႈေတြကို လမ္းခင္းေပးခဲ့ ရတဲ့ အျဖစ္ေတြ အစထဲက အေလးမထားမိ ခဲ့ရင္ အေကာင္းသား ။

” ကိုယ့္ကို စိမ္းကားသြားတဲ့ သူကို သူစိမ္း တေယာက္လို သေဘာထားပါ ” တဲ့ …..

ပစၥည္း အရာဝတၱဳေတြကို လြယ္လြယ္နဲ႔ ေမ့ႏိုင္ေပမယ့္ စိတ္ထဲက အမွတ္တရ ေတြကိုေတာ့ အခ်ိန္ေတြအမ်ားႀကီးရင္းၿပီးမွ ေမ့ေဖ်ာက္ ရတာမို႔ အစဲြအလန္းႀကီးမိ သူတိုင္း ခံစားဖူးမွာပါ ။ ဒါေၾကာင့္ သူစိမ္းဆိုတာ တစ္ခ်ိန္က အရင္းအႏွီးဆံုး သူေတြကမွ ျဖစ္တည္ သြားတတ္တာ မ်ိဳးမို႔ အစထဲက ကိုယ့္ဘဝထဲ ဝင္မလာခဲ့ရင္လည္း အေကာင္းသား ။

Credit:မူရင္းေရးသားသူ

# Unicode Version # ျဖင့္ ဖတ္ပါ #

” ပိုင်ဆိုင်ရဖို့ ကံ ပါမလာဘူး ဆိုရင် စွန့်လွှတ်နိုင်အောင် ကြိုးစားပါ ” တဲ့ …..

ရယူပြီးမှ ပြန်ပေးလိုက် ရတဲ့ ခံစားချက်မျိုး ဘဝမှာ ခံရ အခက်ခဲဆုံး ဆိုတာ ကိုယ့်တိုင် ကြုံဖူးမှ သိတာ ။ ဒါကြောင့် တချို့ ကံတရားတွေက အစထဲက လွဲဖယ်သွား ခဲ့ရင်လည်း အကောင်းသား ။

” ရှေးဘဝက ရေစက်သာ ရှိရင် ဘယ်လောက်ပဲ ဝေးဝေး ဆုံနိုင်တယ် ” တဲ့ …..

ဆုံခဲ့ရ ပြီးမှ ဝေးကွာသွားရတဲ့ သံယောဇဉ်မျိုး ဘဝမှာ လက်ခံဖို့ မလွယ်နိုင်ဘူး ဆိုတာ မမေ့နိုင်တဲ့ သူမျိုးတွေ အတွက် သိပ်ကို ခံရခက် လွန်းတယ် ။ ဒါကြောင့် မဆုံနိုင်မှန်း သိရဲ့သားနဲ့ အစထဲက မတွေ့ခဲ့ရရင် အကောင်းသား ။

ရှေးဘဝက ရေစက်သာ ရှိရင် ဘယ်လောက်ပဲ ဝေးဝေး ဆုံနိုင်တယ်

” နားမလည်ချင် တော့တဲ့ တနေ့ ဥပေက္ခာပြု နိုင်အောင် ကြိုးစားပါ ” တဲ့ …..

ပေးဆပ်ခဲ့ ရတဲ့ အရင်းအနှီးတွေက အချိန်တွေမို့ လွယ်လွယ်နဲ့ သင်ပုန်းချေဖို့ ဆိုတာ တကယ့်ကို မလွယ်ကူလှဘူး ။ ပြုသူနဲ့ ခံရသူက ဘယ်သူ ပိုနာကျင်စေရ ပါသလဲ ။ ဒါကြောင့် တချို့ ပတ်သတ်မှု တွေက အစထဲ မရင်းနှီး ၊ မဆက်ဆံခဲ့ ရရင် အကောင်းသား ။

” မမေ့နိုင်ခဲ့ရင်တောင်မှ ခွင့်လွတ်နိုင်ဖို့ ကြိုးစားပါ ” တဲ့ …..

သူပျော်ပါစေ ဆိုတဲ့ စိတ်နဲ့ လွတ်တင်ခဲ့ ဖူးတဲ့ မိုးပျံဘောလုံးလေးလို သူကိုယ့်အနားက အဝေးကို ရောက်သွားတိုင်း ကိုယ့်ပျော်ရွှင်မှု တွေလည်း ပါသွားခဲ့ရတဲ့ ဒဏ်ရာမျိုး ပေးဆပ်ဖူးသူတိုင်း ကြုံဖူးမှာပါ ။ ဒါကြောင့် တချို့ အရာတွေက သူပျော်ပါစေ ဆိုပြီး ကိုယ့်ပျော်ရွှင်မှုတွေကို လမ်းခင်းပေးခဲ့ ရတဲ့ အဖြစ်တွေ အစထဲက အလေးမထားမိ ခဲ့ရင် အကောင်းသား ။

” ကိုယ့်ကို စိမ်းကားသွားတဲ့ သူကို သူစိမ်း တယောက်လို သဘောထားပါ ” တဲ့ …..

ပစ္စည်း အရာဝတ္တုတွေကို လွယ်လွယ်နဲ့ မေ့နိုင်ပေမယ့် စိတ်ထဲက အမှတ်တရ တွေကိုတော့ အချိန်တွေအများကြီးရင်းပြီးမှ မေ့ဖျောက် ရတာမို့ အစွဲအလန်းကြီးမိ သူတိုင်း ခံစားဖူးမှာပါ ။ ဒါကြောင့် သူစိမ်းဆိုတာ တစ်ချိန်က အရင်းအနှီးဆုံး သူတွေကမှ ဖြစ်တည် သွားတတ်တာ မျိုးမို့ အစထဲက ကိုယ့်ဘဝထဲ ဝင်မလာခဲ့ရင်လည်း အကောင်းသား ။

Credit:မူရင်းရေးသားသူ

Be the first to comment

Leave a Reply

Your email address will not be published.


*