Victoria အမႈကူညီေပးေနသူ သကၠမိုးညိဳကို ရဲတပ္ဖြဲ႕ သိကၡာက်ဆင္းေစရန္ Facebook ေပၚတြင္ေရးသားေဖာ္ျပမွုျဖင့္ ဖမ္းဆီး…!

ရဲတပ္ဖြဲ႕ သိကၡာက်ဆင္းေစရန္ Facebook ေပၚတြင္ေရးသားေဖာ္ျပမွုမ်ားႏွင့္ ပ်ဥ္းမနားၿမိဳ့နယ္ ရဲတပ္ဖြဲ႕မွူး ရဲမွူးျမင့္နိုင္က တရားလိုျပဳလုပ္ကာ အီလက္ထေရာနစ္ပုဒ္မ ၃၄ (ဃ) ျဖင့္ အမွုဖြင့္လိုက္၍ သကၠမိုးညိဳအေကာင့္ပိုင္ရွင္ ကိုဝင္းကိုကိုသိန္းကို ယေန႔နံနက္ပိုင္းက ဖမ္းဆီးလိုက္ျခင္းျဖစ္ၿပီး ယင္းပုဒ္မမွာ အာမခံေပး၍ မရေၾကာင္း၊ အျပစ္ရွိပါက ေထာင္ဒဏ္ တစ္ႏွစ္မွ သုံးႏွစ္အျပင္ ေငြဒဏ္က်ပ္ သိန္း ၅၀ အထိလည္း ခ်နိုင္ေၾကာင္း ပ်ဥ္းမနားရဲစခန္း ထံမွသိရသည္။

သကၠမိုးညိဳကို ေနျပည္ေတာ္၊ အမွတ္ (၁) ရဲတပ္ဖြဲ႕စခန္းမွေန၍ ပ်ဥ္းမနားရဲစခန္း သို့လႊဲေျပာင္း ဖမ္းဆီးထားအေၾကာင္းလည္း စုံစမ္းသိရွိရသည္။

Myanmar Now က ကနဦးရရွိထားေသာ Wisdom Hill ေက်ာင္းက ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆ (ဃ) ျဖင့္ အမွုဖြင့္သည္ ဆိုသည့္ သတင္းမွာ မွားယြင္းၿပီး သကၠမိုးညိဳကို ရဲတပ္ဖြဲ႕ကသာ အမွုဖြင့္ထားျခင္းျဖစ္ေၾကာင္းလည္း ပ်ဥ္းမနားရဲတပ္ဖြဲ႕ စခန္းထံမွ သိရသည္။

(ကနဦး ရရွိထားေသာ သတင္း)  ၆၆ (ဃ) ျဖင့္ အမွုဖြင့္ခံရ၍ သကၠမိုးညိဳကို ရဲတပ္ဖြဲ႕ ေခၚယူစစ္ေဆး

ေနျပည္ေတာ္ Wisdom Hill ေက်ာင္းတြင္ျဖစ္ပြားခဲ့ေသာ သက္ငယ္မုဒိမ္းမွုမွ က်ဴးလြန္ခံရသူ အသက္ ၃ ႏွစ္အရြယ္ မူႀကိဳေက်ာင္းသူ ကေလးငယ္ ဗစ္တိုးရီးယား အေရးကို အဆက္မျပတ္ ေရးသားေဖာ္ျပေပးေနသည့္ သကၠမိုးညိဳ အေကာင့္ပိုင္ရွင္ ကိုဝင္းကိုကိုသိန္းကို Wisdom Hill ေက်ာင္းက ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆ (ဃ) ျဖင့္ အမွုဖြင့္လိုက္၍ ေနျပည္ေတာ္၊ ဇမၺဴသီရိၿမိဳ့နယ္ အမွတ္ ၁ ရဲတပ္ဖြဲ႕စခန္းက ယေန႔နံနက္တြင္ ေခၚယူစစ္ေဆးေနေၾကာင္း သတင္းရရွိထားသည္။

မေန႔ညကလည္း ေနျပည္ေတာ္ရွိ သကၠမိုးညိဳေနထိုင္ရာ တိုက္ခန္းသို့ မသကၤာဖြယ္အရပ္ဝတ္ ၂ ဦးလာေရာက္ခဲ့ေၾကာင္းလည္း သူ၏အေကာင့္တြင္ ေဖာ္ျပထားသည္။ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆ (ဃ) မွာ အာမခံေပးရမည့္ ပုဒ္မလည္းျဖစ္သည္။အေသးစိတ္ကို ဆက္လက္ေဖာ္ျပပါမည္။

Unicode

ရဲတပ်ဖွဲ့ သိက္ခာကျဆင်းစေရန် Facebook ပေါ်တွင်ရေးသားဖော်ပြမှုများနှင့် ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်နိုင်က တရားလိုပြုလုပ်ကာ အီလက်ထရောနစ်ပုဒ်မ ၃၄ (ဃ) ဖြင့် အမှုဖွင့်လိုက်၍ သက္ကမိုးညိုအကောင့်ပိုင်ရှင် ကိုဝင်းကိုကိုသိန်းကို ယနေ့နံနက်ပိုင်းက ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ယင်းပုဒ်မမှာ အာမခံပေး၍ မရကြောင်း၊ အပြစ်ရှိပါက ထောင်ဒဏ် တစ်နှစ်မှ သုံးနှစ်အပြင် ငွေဒဏ်ကျပ် သိန်း ၅၀ အထိလည်း ချနိုင်ကြောင်း ပျဉ်းမနားရဲစခန်း ထံမှသိရသည်။

သက္ကမိုးညိုကို နေပြည်တော်၊ အမှတ် (၁) ရဲတပ်ဖွဲ့စခန်းမှနေ၍ ပျဉ်းမနားရဲစခန်း သို့လွှဲပြောင်း ဖမ်းဆီးထားအကြောင်းလည်း စုံစမ်းသိရှိရသည်။

Myanmar Now က ကနဦးရရှိထားသော Wisdom Hill ကျောင်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်သည် ဆိုသည့် သတင်းမှာ မှားယွင်းပြီး သက္ကမိုးညိုကို ရဲတပ်ဖွဲ့ကသာ အမှုဖွင့်ထားခြင်းဖြစ်ကြောင်းလည်း ပျဉ်းမနားရဲတပ်ဖွဲ့ စခန်းထံမှ သိရသည်။

(ကနဦး ရရှိထားသော သတင်း) ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံရ၍ သက္ကမိုးညိုကို ရဲတပ်ဖွဲ့ ခေါ်ယူစစ်ဆေး

နေပြည်တော် Wisdom Hill ကျောင်းတွင်ဖြစ်ပွားခဲ့သော သက်ငယ်မုဒိမ်းမှုမှ ကျူးလွန်ခံရသူ အသက် ၃ နှစ်အရွယ် မူကြိုကျောင်းသူ ကလေးငယ် ဗစ်တိုးရီးယား အရေးကို အဆက်မပြတ် ရေးသားဖော်ပြပေးနေသည့် သက္ကမိုးညို အကောင့်ပိုင်ရှင် ကိုဝင်းကိုကိုသိန်းကို Wisdom Hill ကျောင်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်လိုက်၍ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အမှတ် ၁ ရဲတပ်ဖွဲ့စခန်းက ယနေ့နံနက်တွင် ခေါ်ယူစစ်ဆေးနေကြောင်း သတင်းရရှိထားသည်။

မနေ့ညကလည်း နေပြည်တော်ရှိ သက္ကမိုးညိုနေထိုင်ရာ တိုက်ခန်းသို့ မသင်္ကာဖွယ်အရပ်ဝတ် ၂ ဦးလာရောက်ခဲ့ကြောင်းလည်း သူ၏အကောင့်တွင် ဖော်ပြထားသည်။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) မှာ အာမခံပေးရမည့် ပုဒ်မလည်းဖြစ်သည်။အသေးစိတ်ကို ဆက်လက်ဖော်ပြပါမည်။

Be the first to comment

Leave a Reply

Your email address will not be published.


*