ဝက္သားတြင္ ႐ွိေသာ ဝက္ တုပ္ျပားသံေကာင္ ႏွင့္ အသက္အႏၱရာယ္ (Cysticercosis)

အိႏၵိယႏိုင္ငံမွာအသက္ ၁၈ ႏွစ္အရြယ္လူငယ္ေလးတစ္ဦးဟာဝက္တုပ္ျပားေကာင္ (tapeworm) ရဲ႔ ဥကိုစားသံုးမိတာေၾကာင့္ ယင္းသံေကာင္ဥကဦးေႏွာက္ကိုကူးစက္ျပီး ေသဆံုးခဲ႔ပါတယ္။သတင္းအက်ဥ္းကို ေျပာရမယ္ဆိုရင္တာဝန္ခံဆရာဝန္ရဲ႔ ေျဖၾကားခ်က္အရ“ဒီလူငယ္ေလးရဲ႔မိဘေတြဟာ ေဆးရံုရဲ႔ အေရးေပၚေဆးကုသခန္း(emergency resuscitation centre)ထဲကို ေရးၾကီးသုတ္ျပာနဲ႔ ေျပးဝင္လာၾကပါတယ္။

လူငယ္ကိုုျကည့္လိုက္ေတာ့တစ္ကိုယ္လံုးတက္ေနတယ္( tonic clonic seizure၊ history ကိုေမးၾကည့္ေတာလူငယ္ေလးကသူရဲ႔ ေပါင္ျခံနားကနာေနတယ္လို႔ ေျပာတာတစ္ပတ္ေလာက္ေတာ့ၾကာျပီလို႔ ေျပာတယ္။ဆရာဝန္ေတြစမ္းသပ္ၾကည့္လိုက္ေတာ့လူငယ္ေလးရဲ႔ ညာဘက္မ်က္လံုးအေပၚဖက္မွာေရာင္ရမ္းေနျပီး သူ႔ရဲ႔ ညာဘက္ေဝွးေစ့ကနာက်င္မႈရွိတယ္” လို႔ တာဝန္ခံဆရာဝန္က ေျပာပါတယ္။

ဒါနဲ႔လူငယ္ကိုခ်က္ခ်င္းပဲMRI ရိုက္လိုက္တဲ႔အခါမွာဦးေနွာက္ဗဟို(Brainstem)၊ဦးေႏွာက္ၾကီးအျခမ္း( cerebrum)နဲ႔ဦးေႏွာက္တစ္ေလွ်ာက္မွာထိခိုက္မႈေတြအမ်ားၾကီး ေတြ႔ရတယ္၊မ်က္လံုးအေပၚဖက္နဲ႔ညာေဝွးေစ့ေတြမွာအရည္အိတ္ေတြ ေတြ႔ရတယ္။ဒီေရာဂါကိုေတာ့ cysticercosisလို႔ေခၚျပီး taenia solium လို႔ေခၚတဲ႔ ဝက္တုတ္ျပားေကာင္ရဲ႔ ဥကိုစားသံုးမိတာေၾကာင့္ဒီသားေလာင္းေတြဟာဦးေႏွာက္၊ ၾကြက္သားနဲ႔အျခားတစ္ရွဴးေတြကို ျပန္ႏွံ႔ ကူးစက္ျပီးတက္ျခင္း(seizure)ကို ျဖစ္ေစတယ္လို႔ သံုးသပ္ပါတယ္။

ဦးေႏွာက္အတြင္းသံေကာင္ကူးစက္ေရာဂါျဖစ္ပြားတဲ႔လူငယ္ေလးကိုဆရာဝန္မ်ားဟာ ပိုးသတ္ေဆး(antiparasitic) ေပးလိုက္ရင္ ဦးေႏွာက္ ေရာင္ရမ္းမႈေတြပိုဆိုးလာျပီးမ်က္စိကြယ္ သြားမွာစိုးရိမ္တဲ႔အတြက္ပိုးသတ္ေဆးမေပးခဲ႔ၾကပါဘူး။သူကိုအတက္က်ေစရန္အတက္က်ေဆး(anti-seizure)နဲ႔steroidမ်ားသာ ေပးခဲ႔ပါတယ္။သို႔ေသာ္လည္းဒီလူငယ္ေလးဟာ ေနာက္ ၂ ပတ္အၾကာမွာကြယ္လြန္ခဲ႔ပါတယ္။

(၁) Cysticercosis ဆိုတာဘာလဲ။

ကပ္ပါးေကာင္ကူးစက္မႈ ေရာဂါတစ္မ်ိဳး (parasitic infestation) ျဖစ္ျပီးဝက္တုပ္ျပားေကာင္ရဲ႔ ဥ(egg of Taenia solium) ကိုစားသံုးမႈေၾကာင့္ဒီဥေတြဟာဗဟိုအာရံုေၾကာစနစ္၊ၾကြက္သား၊မ်က္လံုးနဲ႔အေရျပားေတြမွာ အိတ္ငယ္ေလးေတြအျဖစ္ကူးစက္ျပန္႔ႏွံတာပါ။ အမ်ားစုမွာေတာ့လံုးဝလကၡဏာျပေလ့မရွိပါဘူး။

ျပႆနာရဲ႔အေျခခံကေတာ့ဝက္ရဲ႔အူထဲမွာရွိတဲ႔ ဝက္တုပ္ျပားေကာင္(tapeworm)ဟာယင္းဝက္ရဲ႔အူထဲမွာပြားမ်ားရံုသာမကဝက္ရဲ႔အသားစုိင္ေတြထဲမွာပါကူးစက္ကာနစ္ျမဳပ္ေနပါတယ္။ ဒီလိုကူးစက္ခံထားရတဲ႔ဝက္ရဲ႔အသားကိုမက်က္တက်က္ျဖစ္ေစ၊အစိမ္းျဖစ္ေစစားသံုးတဲ႔ လူေတြကိုကူးစက္ျပီးလူေတြရဲ႔အူထဲမွာစတင္ပြားမ်ားတာပါ။

ဒီလိုပြားေနရင္းနဲ႔အူနံရံကိုထိုးေဖာက္ျပီး ေသြးစီးေၾကာင္းထဲေရာက္ကာဦးေႏွာက္၊ ၾကြက္သား၊မ်က္လံုးေတြမွာသြားျပီးဒုကၡေပးတာ ျဖစ္ပါတယ္။ဒီတုပ္ျပားေကာင္ေတြနဲ႔ ဥေတြဟာကူးစက္ခံထားရတဲ႔သူေတြရဲ႔ မစင္ထဲမွာ မ်ားစြာပါဝင္ႏိုင္ျပီးယင္းမစင္ကေနတစ္ဆင့္ အျခားသူမ်ားကိုပါ ျပန္႔ပြားႏိုင္ပါတယ္။

(၂) Cysticercosis ရဲ႔ေရာဂါလကၡဏာေတြက ဘာေတြလဲ။

ေရာဂါလကၡဏာကေတာ့cysticerciလို႔ေခၚတဲ႔ သန္ေကာင္ဥမ်ားရဲ႔တည္ေနရာနဲ႔အေရအတြက္ ေပၚမွာမူတည္ေနျပီးအမ်ားစုကေတာ့ ေရာဂါလကၡဏာမျပတတ္ၾကပါဘူး။ဦးေႏွာက္ထဲကိုသန္ေကာင္ဥမ်ားကူးစက္ျပန္႔ႏွံ႔မွသာလကၡဏာျပတတ္ပါတယ္။ဗိုက္နာျခင္း၊ပ်ိဳ႔အန္ျခင္း၊ ေခါင္းကိုက္ျခင္း၊တက္ျခင္း၊အျမင္အာရံုမ်ား ေဝဝါးျခင္း၊ဟန္ခ်က္မညီေတာ့ျခင္း၊ ၾကြက္သားမ်ားအားနည္းျခင္း၊ထံုက်ဥ္ျခင္းစတာေတြကို ခံစားရမွာျဖစ္ပါတယ္။

(၃) ေရာဂါမျဖစ္ေအာင္ ဘယ္လိုကာကြယ္ရမလဲ။

(၁)မက်က္တက်က္ခ်က္ထားေသာဝက္သားမ်ားကို ေရွာင္ၾကဥ္ပါ။စားလွ်င္လဲ ေသခ်ာစြာ က်က္ေအာင္ခ်က္ျပီးမွစားပါ။

(၂) မစင္မွတစ္္ဆင့္ကူးစက္တတ္ေသာ ေရာဂါျဖစ္တာေၾကာင့္လက္ကိုေသခ်ာစြာေဆးေၾကာျခင္း၊တစ္ကိုယ္ရည္သန္႔ရွင္းမႈရွိျခင္း၊ အစားအစာမ်ားကိုသန္႔ရွင္းစြာျပင္ဆင္ျခင္းတို႔ကအထိေရာက္ဆံုးကာကြယ္ႏိုင္ပါလိမ့္မယ္။(၃)ယင္လံုအိမ္သာမ်ား၊သန္႔ရွင္းေသာ မစင္စြန္႔နည္းျဖင့္သာမစင္စြန္႔သင့္ပါတယ္။(၄) ၆ လတစ္ၾကိမ္သန္ပံုမွန္ခ် ရန္လိုအပ္ပါတယ္။

credit-i am your doctor
breakingnews

Unicode

အိန္ဒိယနိုင်ငံမှာအသက် ၁၈ နှစ်အရွယ်လူငယ်လေးတစ်ဦးဟာဝက်တုပ်ပြားကောင် (tapeworm) ရဲ့ ဥကိုစားသုံးမိတာကြောင့် ယင်းသံကောင်ဥကဦးနှောက်ကိုကူးစက်ပြီး သေဆုံးခဲ့ပါတယ်။သတင်းအကျဉ်းကို ပြောရမယ်ဆိုရင်တာဝန်ခံဆရာဝန်ရဲ့ ဖြေကြားချက်အရ“ဒီလူငယ်လေးရဲ့မိဘတွေဟာ ဆေးရုံရဲ့ အရေးပေါ်ဆေးကုသခန်း(emergency resuscitation centre)ထဲကို ရေးကြီးသုတ်ပြာနဲ့ ပြေးဝင်လာကြပါတယ်။

လူငယ်ကိုကြည့်လိုက်တော့တစ်ကိုယ်လုံးတက်နေတယ်( tonic clonic seizure၊ history ကိုမေးကြည့်တောလူငယ်လေးကသူရဲ့ ပေါင်ခြံနားကနာနေတယ်လို့ ပြောတာတစ်ပတ်လောက်တော့ကြာပြီလို့ ပြောတယ်။ဆရာဝန်တွေစမ်းသပ်ကြည့်လိုက်တော့လူငယ်လေးရဲ့ ညာဘက်မျက်လုံးအပေါ်ဖက်မှာရောင်ရမ်းနေပြီး သူ့ရဲ့ ညာဘက်ဝှေးစေ့ကနာကျင်မှုရှိတယ်” လို့ တာဝန်ခံဆရာဝန်က ပြောပါတယ်။

ဒါနဲ့လူငယ်ကိုချက်ချင်းပဲMRI ရိုက်လိုက်တဲ့အခါမှာဦးနှောက်ဗဟို(Brainstem)၊ဦးနှောက်ကြီးအခြမ်း( cerebrum)နဲ့ဦးနှောက်တစ်လျှောက်မှာထိခိုက်မှုတွေအများကြီး တွေ့ရတယ်၊မျက်လုံးအပေါ်ဖက်နဲ့ညာဝှေးစေ့တွေမှာအရည်အိတ်တွေ တွေ့ရတယ်။ဒီရောဂါကိုတော့ cysticercosisလို့ခေါ်ပြီး taenia solium လို့ခေါ်တဲ့ ဝက်တုတ်ပြားကောင်ရဲ့ ဥကိုစားသုံးမိတာကြောင့်ဒီသားလောင်းတွေဟာဦးနှောက်၊ ကြွက်သားနဲ့အခြားတစ်ရှူးတွေကို ပြန်နှံ့ ကူးစက်ပြီးတက်ခြင်း(seizure)ကို ဖြစ်စေတယ်လို့ သုံးသပ်ပါတယ်။

ဦးနှောက်အတွင်းသံကောင်ကူးစက်ရောဂါဖြစ်ပွားတဲ့လူငယ်လေးကိုဆရာဝန်များဟာ ပိုးသတ်ဆေး(antiparasitic) ပေးလိုက်ရင် ဦးနှောက် ရောင်ရမ်းမှုတွေပိုဆိုးလာပြီးမျက်စိကွယ် သွားမှာစိုးရိမ်တဲ့အတွက်ပိုးသတ်ဆေးမပေးခဲ့ကြပါဘူး။သူကိုအတက်ကျစေရန်အတက်ကျဆေး(anti-seizure)နဲ့steroidများသာ ပေးခဲ့ပါတယ်။သို့သော်လည်းဒီလူငယ်လေးဟာ နောက် ၂ ပတ်အကြာမှာကွယ်လွန်ခဲ့ပါတယ်။

(၁) Cysticercosis ဆိုတာဘာလဲ။

ကပ်ပါးကောင်ကူးစက်မှု ရောဂါတစ်မျိုး (parasitic infestation) ဖြစ်ပြီးဝက်တုပ်ပြားကောင်ရဲ့ ဥ(egg of Taenia solium) ကိုစားသုံးမှုကြောင့်ဒီဥတွေဟာဗဟိုအာရုံကြောစနစ်၊ကြွက်သား၊မျက်လုံးနဲ့အရေပြားတွေမှာ အိတ်ငယ်လေးတွေအဖြစ်ကူးစက်ပြန့်နှံတာပါ။ အများစုမှာတော့လုံးဝလက္ခဏာပြလေ့မရှိပါဘူး။

ပြဿနာရဲ့အခြေခံကတော့ဝက်ရဲ့အူထဲမှာရှိတဲ့ ဝက်တုပ်ပြားကောင်(tapeworm)ဟာယင်းဝက်ရဲ့အူထဲမှာပွားများရုံသာမကဝက်ရဲ့အသားစိုင်တွေထဲမှာပါကူးစက်ကာနစ်မြုပ်နေပါတယ်။ ဒီလိုကူးစက်ခံထားရတဲ့ဝက်ရဲ့အသားကိုမကျက်တကျက်ဖြစ်စေ၊အစိမ်းဖြစ်စေစားသုံးတဲ့ လူတွေကိုကူးစက်ပြီးလူတွေရဲ့အူထဲမှာစတင်ပွားများတာပါ။

ဒီလိုပွားနေရင်းနဲ့အူနံရံကိုထိုးဖောက်ပြီး သွေးစီးကြောင်းထဲရောက်ကာဦးနှောက်၊ ကြွက်သား၊မျက်လုံးတွေမှာသွားပြီးဒုက္ခပေးတာ ဖြစ်ပါတယ်။ဒီတုပ်ပြားကောင်တွေနဲ့ ဥတွေဟာကူးစက်ခံထားရတဲ့သူတွေရဲ့ မစင်ထဲမှာ များစွာပါဝင်နိုင်ပြီးယင်းမစင်ကနေတစ်ဆင့် အခြားသူများကိုပါ ပြန့်ပွားနိုင်ပါတယ်။

(၂) Cysticercosis ရဲ့ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ရောဂါလက္ခဏာကတော့cysticerciလို့ခေါ်တဲ့ သန်ကောင်ဥများရဲ့တည်နေရာနဲ့အရေအတွက် ပေါ်မှာမူတည်နေပြီးအများစုကတော့ ရောဂါလက္ခဏာမပြတတ်ကြပါဘူး။ဦးနှောက်ထဲကိုသန်ကောင်ဥများကူးစက်ပြန့်နှံ့မှသာလက္ခဏာပြတတ်ပါတယ်။ဗိုက်နာခြင်း၊ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊တက်ခြင်း၊အမြင်အာရုံများ ဝေဝါးခြင်း၊ဟန်ချက်မညီတော့ခြင်း၊ ကြွက်သားများအားနည်းခြင်း၊ထုံကျဉ်ခြင်းစတာတွေကို ခံစားရမှာဖြစ်ပါတယ်။

(၃) ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ။

(၁)မကျက်တကျက်ချက်ထားသောဝက်သားများကို ရှောင်ကြဉ်ပါ။စားလျှင်လဲ သေချာစွာ ကျက်အောင်ချက်ပြီးမှစားပါ။

(၂) မစင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါဖြစ်တာကြောင့်လက်ကိုသေချာစွာဆေးကြောခြင်း၊တစ်ကိုယ်ရည်သန့်ရှင်းမှုရှိခြင်း၊ အစားအစာများကိုသန့်ရှင်းစွာပြင်ဆင်ခြင်းတို့ကအထိရောက်ဆုံးကာကွယ်နိုင်ပါလိမ့်မယ်။(၃)ယင်လုံအိမ်သာများ၊သန့်ရှင်းသော မစင်စွန့်နည်းဖြင့်သာမစင်စွန့်သင့်ပါတယ်။(၄) ၆ လတစ်ကြိမ်သန်ပုံမှန်ချ ရန်လိုအပ်ပါတယ်။

credit-i am your doctor
breakingnews

Be the first to comment

Leave a Reply

Your email address will not be published.


*