ေက်ာက္ျဖဴၿမဳိ႕နယ္တြင္ အသက္ ၄ ႏွစ္အရြယ္ မိန္းကေလးငယ္ ၁ ဦး အဓမၼျပဳက်င့္ခံရ…!

ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴၿမဳိ႕နယ္ ဂုံးခ်ိန္ေက်းရြာအုပ္စု၊ ေစပုပ္ေကေက်းရြာမွာ ဇူလိုင္ ၉ ရက္က အသက္၄ ႏွစ္အရြယ္ မိန္းကလးငယ္တဦးကို တရြာတည္းေနသူတဦးက အဓမၼျပဳက်င့္မႈ ျဖစ္ပြားခဲ့တယ္လို႔ ေက်ာက္ျဖဴၿမဳိ႕မရဲစခန္းက ေျပာပါတယ္။အခင္းျဖစ္တဲ့ေန႔က အဆိုပါကေလးငယ္ရဲ႕ မိဘေတြက လယ္ေတာထဲ ကန္းစြန္းရြက္ သြားခူးဖို႔ အတြက္ ကေလးငယ္ကို အေဒၚျဖစ္သူထံ အပ္ႏွံထားခဲ့ပါတယ္။

အေဒၚျဖစ္သူက ကေလးငယ္ကို အိမ္မွာထားခဲ့ၿပီး ဂုံးခ်ိန္ရြာေစ်းသုိ႔ ေစ်းသြား၀ယ္ၿပီး ျပန္လာစဥ္ အိမ္နီးခ်င္း ကိုညီညီဆိုသူက ေနအိမ္အခန္းထဲက ထြက္လာတာကို ေတြ႔ရတာေၾကာင့္ ေမးျမန္းရာ ကေလးနဲ႔လာေရာက္ေဆာ့ ကစားတာ ျဖစ္ေၾကာင္း ေျပာဆို ထြက္သြားခဲ့တယ္လို႔ ဆိုပါတယ္။

အဲဒီေနာက္ ကေလးငယ္ဟာ ေနအိမ္ခန္းထဲကေန ငိုယိုၿပီး ထြက္လာတာေၾကာင့္ အေဒၚျဖစ္သူက မိန္းကေလးငယ္ကို ေမးျမန္းရာမွာ အဓမၼျပဳက်င့္ခံခဲ့ရတယ္ဆိုတာကို သိရွိခဲ့တာပါ။ကေလးရဲ႕မိန္းမအဂၤါကိုၾကည့္ရာမွာ ေသြးေတြကိုေတြ႔ရိွရတဲ့အတြက္ ကေလးကို အဓမၼျပဳက်င့္သူလို႔ ယူဆရတဲ့ ကိုညီညီအား ကေလးငယ္ရဲ႕ အေဒၚျဖစ္သူက တရားလိုျပဳလုပ္ကာ ရဲစခန္းမွာ တိုင္တန္းခဲ့ပါတယ္။ေက်ာက္ျဖဴၿမဳိ႕မရဲစခန္းမႉး ဒုရဲမႉးေက်ာ္ေဇာက “သက္ငယ္မုဒိန္းမႈ ျဖစ္တာပါ။

တရားခံကို ဖမ္းဆီးထားပါၿပီ၊ အခုေတာ့ စစ္ေဆး ေဆာင္ရြက္ေနပါတယ္၊”လို႔ ေျပာပါတယ္။လတ္တေလာ အဓမၼျပဳက်င့္သူလို႔ သံသယနဲ႔ ဖမ္းဆီးခံထားရတဲ့ ကိုညီညီကို ေက်ာက္ျဖဴၿမဳိ႕မရဲစခန္းက ရာဇသတ္ႀကီး ပုဒ္မ(၃၇၆) အရ အမႈဖြင့္လွစ္ကာ စစ္ေဆးေနပါတယ္။

Credit-ဒီဗြီဘီ

Unicode

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ဂုံးချိန်ကျေးရွာအုပ်စု၊ စေပုပ်ကေကျေးရွာမှာ ဇူလိုင် ၉ ရက်က အသက်၄ နှစ်အရွယ် မိန်းကလးငယ်တဦးကို တရွာတည်းနေသူတဦးက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ ကျောက်ဖြူမြို့မရဲစခန်းက ပြောပါတယ်။အခင်းဖြစ်တဲ့နေ့က အဆိုပါကလေးငယ်ရဲ့ မိဘတွေက လယ်တောထဲ ကန်းစွန်းရွက် သွားခူးဖို့ အတွက် ကလေးငယ်ကို အဒေါ်ဖြစ်သူထံ အပ်နှံထားခဲ့ပါတယ်။

အဒေါ်ဖြစ်သူက ကလေးငယ်ကို အိမ်မှာထားခဲ့ပြီး ဂုံးချိန်ရွာဈေးသို့ ဈေးသွားဝယ်ပြီး ပြန်လာစဉ် အိမ်နီးချင်း ကိုညီညီဆိုသူက နေအိမ်အခန်းထဲက ထွက်လာတာကို တွေ့ရတာကြောင့် မေးမြန်းရာ ကလေးနဲ့လာရောက်ဆော့ ကစားတာ ဖြစ်ကြောင်း ပြောဆို ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ကလေးငယ်ဟာ နေအိမ်ခန်းထဲကနေ ငိုယိုပြီး ထွက်လာတာကြောင့် အဒေါ်ဖြစ်သူက မိန်းကလေးငယ်ကို မေးမြန်းရာမှာ အဓမ္မပြုကျင့်ခံခဲ့ရတယ်ဆိုတာကို သိရှိခဲ့တာပါ။ကလေးရဲ့မိန်းမအင်္ဂါကိုကြည့်ရာမှာ သွေးတွေကိုတွေ့ရှိရတဲ့အတွက် ကလေးကို အဓမ္မပြုကျင့်သူလို့ ယူဆရတဲ့ ကိုညီညီအား ကလေးငယ်ရဲ့ အဒေါ်ဖြစ်သူက တရားလိုပြုလုပ်ကာ ရဲစခန်းမှာ တိုင်တန်းခဲ့ပါတယ်။ကျောက်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ဇောက “သက်ငယ်မုဒိန်းမှု ဖြစ်တာပါ။

တရားခံကို ဖမ်းဆီးထားပါပြီ၊ အခုတော့ စစ်ဆေး ဆောင်ရွက်နေပါတယ်၊”လို့ ပြောပါတယ်။လတ်တလော အဓမ္မပြုကျင့်သူလို့ သံသယနဲ့ ဖမ်းဆီးခံထားရတဲ့ ကိုညီညီကို ကျောက်ဖြူမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ(၃၇၆) အရ အမှုဖွင့်လှစ်ကာ စစ်ဆေးနေပါတယ်။

Credit-ဒီဗွီဘီ

Be the first to comment

Leave a Reply

Your email address will not be published.


*