အိမ္ေထာင္ဖက္ ဆိုသည္မွာ *********************

တစ္ေယာက္နဲ႔ တစ္ေယာက္ မိသားစု တစ္ခုစီကေန ေမြးဖြားၿပီး ဖူးစာဖက္ျဖစ္ ေပါင္းေဖာ္ခြင့္ရတာဟာ အေၾကာင္းမဲ့ ျဖစ္လာတာ မဟုတ္ပါဘူး။

ဘဝ ဘဝမ်ားစြာက အတူျပဳခဲ့ၾကတဲ႔ ေကာင္းမႈ ကုသိုလ္ သဒၵါ သီလ စာဂ ပညာေတြ တူမ်ွခဲ့တာေၾကာင့္ ဒီဘဝမွာလည္း ဆုံေတြ႔ၾကရပါတယ္။

အၾကင္လက္မယားျဖစ္ၿပီး အခ်စ္ေတြ ေလ်ာ့မသြားၾကပါနဲ႔ ပိုပိုၿပီးေတာ့ ခ်စ္ၾကရမွာပါ။ တစ္ေယာက္နဲ႔ တစ္ေယာက္ ခြင့္လႊတ္ျခင္း နားလည္ျခင္း စာနာျခင္း သစၥာေစာင့္သိျခင္း စသည္ျဖင့္ ခိုင္ၿမဲေနမွ အိမ္ေထာင္ေရး သာယာၾကမွာလည္းျဖစ္တယ္။

ကိုယ္နဲ႔ မယူခင္က လွလွပပ နုႏုပ်ဳိပ်ဳိ ေခ်ာေခ်ာေမာေမာေလး အိမ္ေထာင့္တာဝန္ေတြထမ္းရင္း.. အရြယ္ေတြရင့္လာမယ္ အဝ လြန္လာမယ္၊ ႏုပ်ဳိမႈအစား အိုမင္းျခင္းေတြ အစားထိုးလာမယ္ ပုံပ်က္ ပန္းပ်က္ျဖစ္ခ်င္ျဖစ္လာမယ္

ဒါေတြဟာ သဘာဝတရားမို႔ ေက်ေက်နပ္နပ္ လက္ခံေပးရမယ္။ တခ်ဳိ႕က ေျပာတတ္ၾကတယ္ အိမ္က အဖိုးႀကီးတဲ႔ အိမ္က အဖြားႀကီးတဲ႔ အိမ္ကဟာႀကီး အိမ္ကဟာမႀကီးတဲ႔။

တကယ္ဆို ကိုယ္႔အေပၚ တကယ္ေမတၱာစစ္နဲ႔ ေပါင္းသင္းေနတဲ႔ ၾကင္သူကို ရႈံ႕ခ်တဲ့စကား၊ အရွက္ရေစမယ္႔စကား သိကၡာထိပါးေစမယ္႔စကားေတြ ေရွာင္ရွားၾကရမွာပါ။

ဘဝတစ္ခု စတင္တည္ေဆာက္ၾကၿပီ ဆိုကတည္းက ေအးအတူ ပူအမ်ွ ငုိလည္းမခြဲ ရီလည္းမခြာ ေကာင္းေမြ ဆိုးေမြ အတူတကြ ရင္ဆိုင္ ေျဖရွင္းၾကရမွာပါ။

သူ႔အမ်ဳိးလည္း ကိုယ္႔အမ်ဳိး သူ႔သူငယ္ခ်င္းလည္း ကိုယ္႔သူငယ္ခ်င္း စိတ္သေဘာထားႀကီးႀကီးနဲ႔ စိတ္ေကာင္း နွလုံးေကာင္းေမြးၿပီး တန္းတူ ဆက္ဆံႏိုင္ေအာင္လည္း ႀကိဳးစားၾကရပါမယ္။

ဟိုဖက္ သည္ဖက္ သူ႔အမ်ဳိး ကိုယ္႔အမ်ဳိး သူေပးလည္းကိုယ္ၾကည္ျဖဴ ကိုယ္ေပးလည္း သူၾကည္ျဖဴ စိတ္ထားမ်ွတဖို႔ လိုပါတယ္။ တစ္ေယာက္ေအာင္ျမင္မႈကို တစ္ေယာက္က မုဒိတာပြားၿပီး ႏွစ္ႏွစ္ကာကာ ဝမ္းသာရပါမယ္။

တစ္စုံတစ္ရာ ဆုံးရႈံးခဲ့မယ္ဆိုလည္း အျပစ္တင္စကား မေျပာဘဲ… စိတ္ပ်က္ ဝမ္းနည္းတဲ႔ အမူအယာလုံးဝမေပၚေစဘဲ ကရုဏာပြားၿပီး ႏွစ္သိမ့္ရမွာပါ။ ျဖစ္ေပၚလာတဲ့ အခက္အခဲကို ေခါင္းမေရွာင္ဘဲ အတူေျဖရွင္းၾကရမယ္။

တခ်ဳိ႕မ်ားဆို အသိေခါင္းပါးစြာ မိသားစု အေရးမစဥ္းစားေတာ႔ဘဲ ကိုယ္လြတ္ရုန္းၿပီး ထြက္ေျပးတတ္ သာသနာ့ေဘာင္ထဲ ဝင္တတ္ၾက ေနာက္က မိသားစု ဘယ္လို စားဝတ္ေနေရး က်န္းမာေရး ပညာေရး လူမႈေရး ဘာမွ ျပန္မၾကည့္ဘဲ တစ္ကိုယ္ေကာင္းဆန္တတ္ၾကတာမို႔ သတိျပဳဖြယ္ေကာင္းပါတယ္။

တရားစခန္းဝင္မွ တရားအားထုတ္နိုင္တာမဟုတ္ပါ။ ႏွလုံးသြင္းတတ္ရင္ မိမိတို႔ ေန႔စဥ္ ေနစဥ္ဘဝမွာပါ တရားပြားမ်ားနိုင္ပါတယ္။ စိတ္ပါရင္ အိပ္ယာလည္း ရိပ္သာ စိတ္မပါရင္ ရိပ္သာလည္း အိပ္ယာ ဆိုတာလို ျဖစ္ေနမွာပါ။

ကိုယ္႔ဇနီး ခင္ပြန္းသည္သာ ကိုယ္႔ဘဝရဲ႕ အေဖာ္မြန္ေတြပါ။ သူတို႔ေရွ႕မွာ တစ္ျခားသူေတြ ေတာ္ေၾကာင္း ေကာင္းေၾကာင္း ေခ်ာေမာ လွပေၾကာင္း အားမနာ လ်ွာမက်ဳိး မေျပာမိဖို႔ အၿမဲ သတိထားၾကရမွာပါ။

ကိုယ္႔အိမ္ေထာင္ဖက္သည္သာ ေသတပန္ သက္တဆုံး အတူလက္တြဲသြားၾကရမွာမို႔ ကိုယ္႔ဘဝအတြက္ အေကာင္းဆုံး အေဖာ္မြန္ေတြပါ။

အၿမဲတမ္း ခ်စ္စရာအေကာင္းဆုံးမို႔ ခ်ီးက်ဴးစကားေတြ ေျပာၾကားေပးဖို႔ မေမ့လိုက္ၾကပါနဲ႔။ ထာဝရခိုင္ၿမဲေသာ အိမ္ေထာင္မ်ား တည္ေဆာက္နိုင္ၾကပါေစ။

ေမတၱာျဖင့္ Credit Dr Shwe Tun᠌

တစ်ယောက်နဲ့ တစ်ယောက် မိသားစု တစ်ခုစီကနေ မွေးဖွားပြီး ဖူးစာဖက်ဖြစ် ပေါင်းဖော်ခွင့်ရတာဟာ အကြောင်းမဲ့ ဖြစ်လာတာ မဟုတ်ပါဘူး။

ဘဝ ဘဝများစွာက အတူပြုခဲ့ကြတဲ့ ကောင်းမှု ကုသိုလ် သဒ္ဒါ သီလ စာဂ ပညာတွေ တူမျှခဲ့တာကြောင့် ဒီဘဝမှာလည်း ဆုံတွေ့ကြရပါတယ်။

အကြင်လက်မယားဖြစ်ပြီး အချစ်တွေ လျော့မသွားကြပါနဲ့ ပိုပိုပြီးတော့ ချစ်ကြရမှာပါ။ တစ်ယောက်နဲ့ တစ်ယောက် ခွင့်လွှတ်ခြင်း နားလည်ခြင်း စာနာခြင်း သစ္စာစောင့်သိခြင်း စသည်ဖြင့် ခိုင်မြဲနေမှ အိမ်ထောင်ရေး သာယာကြမှာလည်းဖြစ်တယ်။

ကိုယ်နဲ့ မယူခင်က လှလှပပ နုနုပျိုပျို ချောချောမောမောလေး အိမ်ထောင့်တာဝန်တွေထမ်းရင်း.. အရွယ်တွေရင့်လာမယ် အဝ လွန်လာမယ်၊ နုပျိုမှုအစား အိုမင်းခြင်းတွေ အစားထိုးလာမယ် ပုံပျက် ပန်းပျက်ဖြစ်ချင်ဖြစ်လာမယ်

ဒါတွေဟာ သဘာဝတရားမို့ ကျေကျေနပ်နပ် လက်ခံပေးရမယ်။ တချို့က ပြောတတ်ကြတယ် အိမ်က အဖိုးကြီးတဲ့ အိမ်က အဖွားကြီးတဲ့ အိမ်ကဟာကြီး အိမ်ကဟာမကြီးတဲ့။

တကယ်ဆို ကိုယ့်အပေါ် တကယ်မေတ္တာစစ်နဲ့ ပေါင်းသင်းနေတဲ့ ကြင်သူကို ရှုံ့ချတဲ့စကား၊ အရှက်ရစေမယ့်စကား သိက္ခာထိပါးစေမယ့်စကားတွေ ရှောင်ရှားကြရမှာပါ။

ဘဝတစ်ခု စတင်တည်ဆောက်ကြပြီ ဆိုကတည်းက အေးအတူ ပူအမျှ ငိုလည်းမခွဲ ရီလည်းမခွာ ကောင်းမွေ ဆိုးမွေ အတူတကွ ရင်ဆိုင် ဖြေရှင်းကြရမှာပါ။

သူ့အမျိုးလည်း ကိုယ့်အမျိုး သူ့သူငယ်ချင်းလည်း ကိုယ့်သူငယ်ချင်း စိတ်သဘောထားကြီးကြီးနဲ့ စိတ်ကောင်း နှလုံးကောင်းမွေးပြီး တန်းတူ ဆက်ဆံနိုင်အောင်လည်း ကြိုးစားကြရပါမယ်။

ဟိုဖက် သည်ဖက် သူ့အမျိုး ကိုယ့်အမျိုး သူပေးလည်းကိုယ်ကြည်ဖြူ ကိုယ်ပေးလည်း သူကြည်ဖြူ စိတ်ထားမျှတဖို့ လိုပါတယ်။ တစ်ယောက်အောင်မြင်မှုကို တစ်ယောက်က မုဒိတာပွားပြီး နှစ်နှစ်ကာကာ ဝမ်းသာရပါမယ်။

တစ်စုံတစ်ရာ ဆုံးရှုံးခဲ့မယ်ဆိုလည်း အပြစ်တင်စကား မပြောဘဲ… စိတ်ပျက် ဝမ်းနည်းတဲ့ အမူအယာလုံးဝမပေါ်စေဘဲ ကရုဏာပွားပြီး နှစ်သိမ့်ရမှာပါ။ ဖြစ်ပေါ်လာတဲ့ အခက်အခဲကို ခေါင်းမရှောင်ဘဲ အတူဖြေရှင်းကြရမယ်။

တချို့များဆို အသိခေါင်းပါးစွာ မိသားစု အရေးမစဉ်းစားတော့ဘဲ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးတတ် သာသနာ့ဘောင်ထဲ ဝင်တတ်ကြ နောက်က မိသားစု ဘယ်လို စားဝတ်နေရေး ကျန်းမာရေး ပညာရေး လူမှုရေး ဘာမှ ပြန်မကြည့်ဘဲ တစ်ကိုယ်ကောင်းဆန်တတ်ကြတာမို့ သတိပြုဖွယ်ကောင်းပါတယ်။

တရားစခန်းဝင်မှ တရားအားထုတ်နိုင်တာမဟုတ်ပါ။ နှလုံးသွင်းတတ်ရင် မိမိတို့ နေ့စဉ် နေစဉ်ဘဝမှာပါ တရားပွားများနိုင်ပါတယ်။ စိတ်ပါရင် အိပ်ယာလည်း ရိပ်သာ စိတ်မပါရင် ရိပ်သာလည်း အိပ်ယာ ဆိုတာလို ဖြစ်နေမှာပါ။

ကိုယ့်ဇနီး ခင်ပွန်းသည်သာ ကိုယ့်ဘဝရဲ့ အဖော်မွန်တွေပါ။ သူတို့ရှေ့မှာ တစ်ခြားသူတွေ တော်ကြောင်း ကောင်းကြောင်း ချောမော လှပကြောင်း အားမနာ လျှာမကျိုး မပြောမိဖို့ အမြဲ သတိထားကြရမှာပါ။

ကိုယ့်အိမ်ထောင်ဖက်သည်သာ သေတပန် သက်တဆုံး အတူလက်တွဲသွားကြရမှာမို့ ကိုယ့်ဘဝအတွက် အကောင်းဆုံး အဖော်မွန်တွေပါ။

အမြဲတမ်း ချစ်စရာအကောင်းဆုံးမို့ ချီးကျူးစကားတွေ ပြောကြားပေးဖို့ မမေ့လိုက်ကြပါနဲ့။ ထာဝရခိုင်မြဲသော အိမ်ထောင်များ တည်ဆောက်နိုင်ကြပါစေ။

မေတ္တာဖြင့် Credit Dr Shwe Tun᠌