မုန္႔ဟင္းခါး တစ္ပြဲ တစ္ေသာင္းခြဲတဲ့ ကိုယ္လည္း မယံုလို႔ စူးစမ္းခ်င္လို႔ သြားစားၾကည့္တာ တကယ္ႀကီးေပးရတယ္

ေဒၚႏွင္းဆီမုန္႔ဟင္းခါး တစ္ပြဲ တစ္ေသာင္းခြဲတဲ့ Oh my God ကိုယ္လည္း စူးစမ္းခ်င္လို႔ သြားစားၾကည့္တာ မယံုလို႔ အယ္ တကယ္ႀကီးေတာ့္။ ကိုယ္ၾကားဖူးတာနဲ႔ စာဖူးတာ က ေထာင့္ငါးရာတန္ေလာက္က အမ်ားဆံုးကိုး။ နီနီက ခဏခဏ ေျပာျပတယ္။ အဲ့ဒီမုန္႔ဟင္းခါးက ဘယ္လို ေကာင္းေၾကာင္းေပါ့ သူသြားစားတိုင္း ပံုလွမ္းလွမ္းပို႔ရတာ အေမာ။

အဲ့လိုအခ်ိန္ဆိုရင္ ဒါဒါ သူ႔ကိုေျပာတယ္ နင့္ မုန္႔ဟင္းခါးက ဘာမလို႔လဲ တစ္ေသာင္းခြဲေပးရေအာင္ ငါသာဆို စားမေနဘူး မတန္မရာေတြ အံ့ျသတယ္ ဘာျဖစ္တယ္ ညာျဖစ္တယ္ေပါ့။ နီနီကျပန္ေျပာတယ္ နင္ ရန္ကုန္ေရာက္မွ စားၾကည့္လိုက္ ျပီးမွဆက္ေျပာတဲ့ Ok ေပါ့။

ဒီေန႔ ဒီမုန္႔ဟင္းခါးကိုစားဖို႔ မနက္ငါးနာရီ ထရပါတယ္ (ငတ္ႀကီးက်တယ္ဘဲေျပာေျပာ တစ္ေသာင္းခြဲဆိုေသာ မုန္႔ဟင္းခါးကို စိတ္ဝင္စားလို႔ အေစာထျခင္းပါ) ဖုန္းဆက္ၿပီး ဘယ္ႏွေယာက္စာ ဆိုတာႀကိဳတင္မွာရပါ ေသးတယ္။ (ႀကီးႀကီးက်ယ္က်ယ္ ဖုန္းဆက္မွာရေသးတယ္လို႔ ထင္ေကာင္းထင္ႏိုင္ပါတယ္) ႀကိဳက္သလိုထင္ပါ။ သူက မနက္ရွစ္နာရီေက်ာ္ေလာက္ဆို ကုန္တတ္လို႔ပါတဲ့။

ဆိုင္အျပင္အဆင္ကလည္း ပံုမွာျမင္တဲ့အတိုင္းပါဘဲ ႐ိုးရွင္းပါတယ္။ လာစားတဲ့ ကားေတြကလည္း က်ိတ္က်ိတ္တိုး အျပည့္ဘဲမလို႔ ႀကိဳမမွာထားရင္ တန္းစီေစာင့္ရပါတယ္ Feeling amazing ေပါ့ေနာ္။

အဲ့တာနဲ႔ မုန္႔ဟင္းခါး ပန္းကန္လာခ်ေတာ့ ပန္းကန္က အလံုးမဟုတ္ဘူး ပန္းကန္ျပားနဲ႔။ စၿပီးသတိထားမိတာက ငါးဥေတြနဲ႔ ငါးဖယ္ေတြနဲ႔ စံုပလံု ေနတာဘဲ။ တစ္ဇြန္းစ စားၾကည့္တယ္ အင္း သူတို႔ေျပာတာမွန္တယ္ ဆိုၿပီးျဖစ္သြားေရာ ေတာ္ေတာ္ေလး အရသာရွိပါတယ္။ သာမန္မုန္႔ဟင္းခါးေတြနဲ႔ အေတာ္ေလးလည္းကြဲထြက္ၿပီး ဘာကိုေကာင္းတာလဲလို႔ေမးရင္ ေကာင္းလို႔ ကို ေကာင္းတာပါလို႔ဘဲ ျပန္ေျဖခ်င္ပါတယ္။

“တန္ရာတန္ေၾကးေပးရင္ ေပးရတာနဲ႔တန္ေအာင္ ျပန္ရမွ လူေတြက ေက်နပ္ၾကတာ သဘာဝကိုး ” ေအာ္ ဒီမုန္႔ဟင္းခါးကို ကိုယ္တိုင္လာမစားၾကည့္ခင္ကေတာ့ အျပစ္ျမင္ခဲ့ဖူးပါရဲ႕။ အခုက်ေတာ့ ကိုယ္အပါအဝင္ လူေတြမ်ားစြာ စားပြဲေပါင္းမ်ားစြာ ထိုင္ခံုေပါင္း မ်ားစြာ ဝိုင္းေတြက အျပည့္နဲ႔ေလ ေပ်ာ္စရာႀကီးပါ။ မဆီမဆိုင္ သူ႔ဝင္ေငြေတာင္ ကိုယ္က ထိုင္တြက္ ခန္႔မွန္းခဲ့ေသး။

သူ႔ကိုႀကိဳက္ႏွစ္သက္လို႔ လာေရာက္အားေပးၾကတာေလ ေဝးကလည္းေဝးေသး ေတာ္ရံုဆို ဘယ္လာၾကမလဲ။ သူ႔ရဲ႕ေကာင္းကြက္ေလးေတြကို ခ်စ္ခင္ႏွစ္သက္စိတ္နဲ႔ လက္ခံလို႔ေပါ့။ အဲ့လိုဘဲ အျခားတစ္ဖက္မွာ သူ႔ကိုလက္မခံခ်င္တဲ့ မတန္မရာ ဘာညာ သာရကာဆိုတဲ့ လူေတြလည္းရွိေကာင္းရွိမွာဘဲ။

သူက တစ္ေသာင္းခြဲနဲ႔ေရာင္းေနေပမယ့္ တစ္ေသာင္းခြဲေပးၿပီး ေက်ေက်နပ္နပ္နဲ႔ ဝယ္စားတဲ့ လူေတြရွိမွရတာကိုး။ သူ႔ကို လက္ခံႏိုင္တဲ့ သူရွိသလို လက္မခံခ်င္တဲ့ သူလည္း ရွိမွာဘဲ။ သူကေတာ့ ဘာကိုမွဂ႐ုမစိုက္အားပါဘူး။ ေရာင္းေကာင္းတာ လက္မလည္လို႔ပါ။ ေအာ္ အဲ့တာေျပာတာေပါ့ ေနရာတိုင္းမွာ သူ႔အေနအထားနဲ႔သူ သူ႔တန္ဖိုးနဲ႔သူ။

စိတ္ဝင္စားရင္ သြားစားလို႔ရေအာင္ လိပ္စာေလး ေရးေပးခဲ့မယ္။ ေရႊေတာင္ၾကားလမ္း အလက(၆)ေက်ာင္းဝင္းအတြင္း။ မုန္႔ဟင္းခါးစားရင္း ရလိုက္တဲ့ မုန္႔ဟင္းခါး Messages။

Credit : Myo Thandar Htwe

Unicode

ဒေါ်နှင်းဆီမုန့်ဟင်းခါး တစ်ပွဲ တစ်သောင်းခွဲတဲ့ Oh my God ကိုယ်လည်း စူးစမ်းချင်လို့ သွားစားကြည့်တာ မယုံလို့ အယ် တကယ်ကြီးတော့်။ ကိုယ်ကြားဖူးတာနဲ့ စာဖူးတာ က ထောင့်ငါးရာတန်လောက်က အများဆုံးကိုး။ နီနီက ခဏခဏ ပြောပြတယ်။ အဲ့ဒီမုန့်ဟင်းခါးက ဘယ်လို ကောင်းကြောင်းပေါ့ သူသွားစားတိုင်း ပုံလှမ်းလှမ်းပို့ရတာ အမော။

အဲ့လိုအချိန်ဆိုရင် ဒါဒါ သူ့ကိုပြောတယ် နင့် မုန့်ဟင်းခါးက ဘာမလို့လဲ တစ်သောင်းခွဲပေးရအောင် ငါသာဆို စားမနေဘူး မတန်မရာတွေ အံ့သြတယ် ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့။ နီနီကပြန်ပြောတယ် နင် ရန်ကုန်ရောက်မှ စားကြည့်လိုက် ပြီးမှဆက်ပြောတဲ့ Ok ပေါ့။

ဒီနေ့ ဒီမုန့်ဟင်းခါးကိုစားဖို့ မနက်ငါးနာရီ ထရပါတယ် (ငတ်ကြီးကျတယ်ဘဲပြောပြော တစ်သောင်းခွဲဆိုသော မုန့်ဟင်းခါးကို စိတ်ဝင်စားလို့ အစောထခြင်းပါ) ဖုန်းဆက်ပြီး ဘယ်နှယောက်စာ ဆိုတာကြိုတင်မှာရပါ သေးတယ်။ (ကြီးကြီးကျယ်ကျယ် ဖုန်းဆက်မှာရသေးတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်) ကြိုက်သလိုထင်ပါ။ သူက မနက်ရှစ်နာရီကျော်လောက်ဆို ကုန်တတ်လို့ပါတဲ့။

ဆိုင်အပြင်အဆင်ကလည်း ပုံမှာမြင်တဲ့အတိုင်းပါဘဲ ရိုးရှင်းပါတယ်။ လာစားတဲ့ ကားတွေကလည်း ကျိတ်ကျိတ်တိုး အပြည့်ဘဲမလို့ ကြိုမမှာထားရင် တန်းစီစောင့်ရပါတယ် Feeling amazing ပေါ့နော်။

အဲ့တာနဲ့ မုန့်ဟင်းခါး ပန်းကန်လာချတော့ ပန်းကန်က အလုံးမဟုတ်ဘူး ပန်းကန်ပြားနဲ့။ စပြီးသတိထားမိတာက ငါးဥတွေနဲ့ ငါးဖယ်တွေနဲ့ စုံပလုံ နေတာဘဲ။ တစ်ဇွန်းစ စားကြည့်တယ် အင်း သူတို့ပြောတာမှန်တယ် ဆိုပြီးဖြစ်သွားရော တော်တော်လေး အရသာရှိပါတယ်။ သာမန်မုန့်ဟင်းခါးတွေနဲ့ အတော်လေးလည်းကွဲထွက်ပြီး ဘာကိုကောင်းတာလဲလို့မေးရင် ကောင်းလို့ ကို ကောင်းတာပါလို့ဘဲ ပြန်ဖြေချင်ပါတယ်။

“တန်ရာတန်ကြေးပေးရင် ပေးရတာနဲ့တန်အောင် ပြန်ရမှ လူတွေက ကျေနပ်ကြတာ သဘာဝကိုး ” အော် ဒီမုန့်ဟင်းခါးကို ကိုယ်တိုင်လာမစားကြည့်ခင်ကတော့ အပြစ်မြင်ခဲ့ဖူးပါရဲ့။ အခုကျတော့ ကိုယ်အပါအဝင် လူတွေများစွာ စားပွဲပေါင်းများစွာ ထိုင်ခုံပေါင်း များစွာ ဝိုင်းတွေက အပြည့်နဲ့လေ ပျော်စရာကြီးပါ။ မဆီမဆိုင် သူ့ဝင်ငွေတောင် ကိုယ်က ထိုင်တွက် ခန့်မှန်းခဲ့သေး။

သူ့ကိုကြိုက်နှစ်သက်လို့ လာရောက်အားပေးကြတာလေ ဝေးကလည်းဝေးသေး တော်ရုံဆို ဘယ်လာကြမလဲ။ သူ့ရဲ့ကောင်းကွက်လေးတွေကို ချစ်ခင်နှစ်သက်စိတ်နဲ့ လက်ခံလို့ပေါ့။ အဲ့လိုဘဲ အခြားတစ်ဖက်မှာ သူ့ကိုလက်မခံချင်တဲ့ မတန်မရာ ဘာညာ သာရကာဆိုတဲ့ လူတွေလည်းရှိကောင်းရှိမှာဘဲ။

သူက တစ်သောင်းခွဲနဲ့ရောင်းနေပေမယ့် တစ်သောင်းခွဲပေးပြီး ကျေကျေနပ်နပ်နဲ့ ဝယ်စားတဲ့ လူတွေရှိမှရတာကိုး။ သူ့ကို လက်ခံနိုင်တဲ့ သူရှိသလို လက်မခံချင်တဲ့ သူလည်း ရှိမှာဘဲ။ သူကတော့ ဘာကိုမှဂရုမစိုက်အားပါဘူး။ ရောင်းကောင်းတာ လက်မလည်လို့ပါ။ အော် အဲ့တာပြောတာပေါ့ နေရာတိုင်းမှာ သူ့အနေအထားနဲ့သူ သူ့တန်ဖိုးနဲ့သူ။

စိတ်ဝင်စားရင် သွားစားလို့ရအောင် လိပ်စာလေး ရေးပေးခဲ့မယ်။ ရွှေတောင်ကြားလမ်း အလက(၆)ကျောင်းဝင်းအတွင်း။ မုန့်ဟင်းခါးစားရင်း ရလိုက်တဲ့ မုန့်ဟင်းခါး Messages။

Credit : Myo Thandar Htwe