အေဝးက လာေရာက္ လွဴဒါန္းသူေတြ အတြက္ ရင္ဝကို ေစာင္႔ကန္ ခံလိုက္ရသလိုပါပဲ

အေဝးက လာေရာက္ လွဴဒါန္းသူေတြ အတြက္ ရင္ဝကို ေစာင္႔ကန္ခံလိုက္ရ သလိုပါပဲေရေဘး ဒုကၡ ေရာက္ေနသူမ်ားကို ကူညီသူမ်ား ေလွအခက္အခဲေတြ႔ေနၿပီး ေလွတစ္စီးကို ၁၀၀၀၀ မ်ိဳး ၇၀၀၀ မ်ိဳးေပးဌားရက်ိဳက္မေရာ ေရေဘးသင္႔ေဒသသို႔ ကူညီလိုသူမ်ားအတြက္ ေမာ္လျမိဳင္လူမႈကယ္ဆယ္ေရးအဖြဲ႔ မွ ယေန႔ က်ိဳက္မေရာျမိဳ႕နယ္ ေရေဘးသင္႔ျပည္သူမ်ားအတြက္ လတ္တေလာ စားေသာက္ေရး အဆင္ေျပဖို႔ ကနဦးအေနျဖင္႔ ရိကၡာမ်ားခက္ခက္ခဲခဲ ပို႔ေဆာင္ကူညီေပးခဲ႔ၿပီးျဖစ္သည္။ ဒါေတာင္ ျမိဳ႕ထဲဘက္ပဲ ရွိေသးေၾကာင္းသိရသည္။

တခ်ိဳ႕ရြာေတြ ထမင္းထုပ္မေရာက္တာ ၂ ရက္ ၃ ရက္ရွိျပီဆိုသည္ကို ၾကားရသည္႔အတြက္ ၄င္းရြာေတြထဲထိ အေရာက္ပို႔ေပးခဲ႔ပါသည္။လွဴဒါန္းလိုသူမ်ားအတြက္ ေလွအခက္အခဲရွိပါသည္။ အခ်ိတ္အဆက္ျပဳလုပ္၍ လွဴဒါန္းရန္လိုပါမည္။ လက္ရွိ ရွိေနတဲ႔ ေလွေတြက အခေၾကးေငြျဖင္႔ ဌားရမ္းရပါသည္။ တစီးကို ၁၀၀၀၀ မ်ိဳး ၇၀၀၀ မ်ိဳးေပးဌားရပါသည္။

ကြ်န္ေတာ္တို႔ေတာင္ ေတာ္ေတာ္ေလး အခ်ိတ္အဆက္လုပ္ျပီး ေလွမနည္းေတာင္းရပါသည္။ ဒါေတာင္ တာဝန္ရွိသူေတြဆီက တစ္စီးသာရျပီး က်န္တစ္စီးကို ၁၀၀၀၀ ေပးျပီး ဌားလိုက္ျပီး ပို႔ေဆာင္ေပးခဲ႔ရပါသည္။ ဒုကၡေရာက္သူေတြဆီ အျမန္ေရာက္ေစခ်င္ လို႔ပါ။

အေဝးကလာေရာက္လွဴဒါန္းလိုသူေတြ အတြက္ ရင္ဝကို ေစာင္႔ကန္ခံလိုက္ရ သလိုပါပဲ။ ေလွနည္းတာလဲ ပါမွာေပါ႔။တာဝန္ရွိသူေတြ အေနနဲ႔ ေလွမ်ားစြာ စီစဥ္ေပးသင္႔ပါသည္။ ကြပ္ကဲေရး စခန္းမွာ ငုတ္တုတ္ထိုင္ေနလို႔ ဘာမွ ျဖစ္လာမွာ မဟုတ္ပါဘူး။ေခ်ာင္းႏွစ္ခြ ဦးေလးရြာ ငေျပမရြာဘက္ေတြမွာ လွဴဒါန္းလိုလ်ွင္ေတာ႔ ေလွအဆင္ေျပပါသည္။

ရြာခံေတြမွ လာႀကိဳေပး၍ ဒုကၡေရာက္ေနတဲ႔သူ ေတြဆီအေရာက္ ကိုယ္တိုင္လွဴဒါန္းႏိုင္ပါသည္။ ဘုန္းႀကီးေက်ာင္းေပၚ ေရေဘးခိုလႈံေနသူမ်ားစြာရွိျပီး ေရျမဳပ္ေနသည္႔ ေနအိမ္မွာပဲ ေနထိုင္ျပီး စားေသာက္ေရး ပစၥည္းမ်ား ေမ်ွာ္လင္႔ေနသူ မ်ာစြာရွိပါသည္။လာႀကိဳေပးသည္႔ ရြာခံေလွမ်ားမွလည္း ဘုန္းႀကီးေက်ာင္းသို႔သာ ပို႔ေဆာင္ေပးျပီး ဆရာေတာ္၏စီမံခန္႔ခြဲမႈအတိုင္း ကူညီမႈယူၾကပါသည္။ေနအိမ္ေတြထဲထိ အေရာက္လိုက္ပို႔လည္း ဘုန္းႀကီးေက်ာင္းမွတဆင္႔ ေလွမ်ားစီစဥ္၍ လႊတ္ေပးပါသည္။

ျမိဳ႕ထဲဘက္ လာလွဴတာ လွဴဒါန္းသြားတဲ႔သူတိုင္း သိပါသည္။ ေလွဘယ္လို ခက္ခဲလဲဆိုတာ။ ေတာ္ေတာ္ကို ခက္ခဲပါသည္။ ဌားရသည္႔ ေလွမ်ားကလည္း လူ ၃/၄ ေယာက္စီးတာနဲ႔ ျပည္႔ေနျပီး။ ကယ္ဆယ္ေရးပစၥည္းေတြလဲ သိပ္မဝင္ပါဘူး။ျပည္သူကို ျပည္သူကသာ ကူညီပါ။ စိတ္ဓါတ္မက်သြားၾကပါနဲ႔။ ခ်ိတ္ဆက္၍ လာေရာက္ကူညီၾကပါ။ အဆင္ေျပေအာင္ ထပ္မံ ခ်ိတ္ဆက္ ေဆာင္ရြက္ေပးပါမည္။အမွန္ကိုအမွန္အတိုင္းပဲ ေရးတတ္သည္႔

ဇင္မိုး။Zin Moe

အဝေးက လာရောက် လှူဒါန်းသူတွေ အတွက် ရင်ဝကို စောင့်ကန်ခံလိုက်ရ သလိုပါပဲရေဘေး ဒုက္ခ ရောက်နေသူများကို ကူညီသူများ လှေအခက်အခဲတွေ့နေပြီး လှေတစ်စီးကို ၁၀၀၀၀ မျိုး ၇၀၀၀ မျိုးပေးဌားရကျိုက်မရော ရေဘေးသင့်ဒေသသို့ ကူညီလိုသူများအတွက် မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ မှ ယနေ့ ကျိုက်မရောမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် လတ်တလော စားသောက်ရေး အဆင်ပြေဖို့ ကနဦးအနေဖြင့် ရိက္ခာများခက်ခက်ခဲခဲ ပို့ဆောင်ကူညီပေးခဲ့ပြီးဖြစ်သည်။ ဒါတောင် မြို့ထဲဘက်ပဲ ရှိသေးကြောင်းသိရသည်။

တချို့ရွာတွေ ထမင်းထုပ်မရောက်တာ ၂ ရက် ၃ ရက်ရှိပြီဆိုသည်ကို ကြားရသည့်အတွက် ၎င်းရွာတွေထဲထိ အရောက်ပို့ပေးခဲ့ပါသည်။လှူဒါန်းလိုသူများအတွက် လှေအခက်အခဲရှိပါသည်။ အချိတ်အဆက်ပြုလုပ်၍ လှူဒါန်းရန်လိုပါမည်။ လက်ရှိ ရှိနေတဲ့ လှေတွေက အခကြေးငွေဖြင့် ဌားရမ်းရပါသည်။ တစီးကို ၁၀၀၀၀ မျိုး ၇၀၀၀ မျိုးပေးဌားရပါသည်။

ကျွန်တော်တို့တောင် တော်တော်လေး အချိတ်အဆက်လုပ်ပြီး လှေမနည်းတောင်းရပါသည်။ ဒါတောင် တာဝန်ရှိသူတွေဆီက တစ်စီးသာရပြီး ကျန်တစ်စီးကို ၁၀၀၀၀ ပေးပြီး ဌားလိုက်ပြီး ပို့ဆောင်ပေးခဲ့ရပါသည်။ ဒုက္ခရောက်သူတွေဆီ အမြန်ရောက်စေချင် လို့ပါ။

အဝေးကလာရောက်လှူဒါန်းလိုသူတွေ အတွက် ရင်ဝကို စောင့်ကန်ခံလိုက်ရ သလိုပါပဲ။ လှေနည်းတာလဲ ပါမှာပေါ့။တာဝန်ရှိသူတွေ အနေနဲ့ လှေများစွာ စီစဉ်ပေးသင့်ပါသည်။ ကွပ်ကဲရေး စခန်းမှာ ငုတ်တုတ်ထိုင်နေလို့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ချောင်းနှစ်ခွ ဦးလေးရွာ ငပြေမရွာဘက်တွေမှာ လှူဒါန်းလိုလျှင်တော့ လှေအဆင်ပြေပါသည်။

ရွာခံတွေမှ လာကြိုပေး၍ ဒုက္ခရောက်နေတဲ့သူ တွေဆီအရောက် ကိုယ်တိုင်လှူဒါန်းနိုင်ပါသည်။ ဘုန်းကြီးကျောင်းပေါ် ရေဘေးခိုလှုံနေသူများစွာရှိပြီး ရေမြုပ်နေသည့် နေအိမ်မှာပဲ နေထိုင်ပြီး စားသောက်ရေး ပစ္စည်းများ မျှော်လင့်နေသူ မျာစွာရှိပါသည်။လာကြိုပေးသည့် ရွာခံလှေများမှလည်း ဘုန်းကြီးကျောင်းသို့သာ ပို့ဆောင်ပေးပြီး ဆရာတော်၏စီမံခန့်ခွဲမှုအတိုင်း ကူညီမှုယူကြပါသည်။နေအိမ်တွေထဲထိ အရောက်လိုက်ပို့လည်း ဘုန်းကြီးကျောင်းမှတဆင့် လှေများစီစဉ်၍ လွှတ်ပေးပါသည်။

မြို့ထဲဘက် လာလှူတာ လှူဒါန်းသွားတဲ့သူတိုင်း သိပါသည်။ လှေဘယ်လို ခက်ခဲလဲဆိုတာ။ တော်တော်ကို ခက်ခဲပါသည်။ ဌားရသည့် လှေများကလည်း လူ ၃/၄ ယောက်စီးတာနဲ့ ပြည့်နေပြီး။ ကယ်ဆယ်ရေးပစ္စည်းတွေလဲ သိပ်မဝင်ပါဘူး။ပြည်သူကို ပြည်သူကသာ ကူညီပါ။ စိတ်ဓါတ်မကျသွားကြပါနဲ့။ ချိတ်ဆက်၍ လာရောက်ကူညီကြပါ။ အဆင်ပြေအောင် ထပ်မံ ချိတ်ဆက် ဆောင်ရွက်ပေးပါမည်။အမှန်ကိုအမှန်အတိုင်းပဲ ရေးတတ်သည့်

ဇင်မိုး။Zin Moe