ကိုယ့္အတြက္ပဲ စိတ္ပူပါ

သင္မရွိလည္း ကမာၻႀကီးက လည္ပတ္ေနမွာပဲ ရာသီေတြလည္း သူ႔ေနသားတက် ေရြ႕လ်ားေနမွာပဲ

သင္မရွိလည္း လူတစ္ခ်ိဳ႕က အဆင္ေျပေနၾကမွာပဲ မရွိခဏ တမ္းတၾကတုန္း သင္ထက္ပို ေကာင္းေပ့ဆိုတဲ့ အရာေတြနဲ႔ေတြ႕ရင္ သင္ဆိုတာ သတင္းစာ တစ္ေစာင္ရဲ႕ နာေရးေၾကာ္ျငာ တစ္ပုိဒ္စာပဲ ။

ၿပီးေနာက္ေနာက္ အပတ္စဥ္မွာေတာ့ ဘယ္သူမွ သင္ကို အမွတ္ရ မေနၾကဘူး။

သင္ကို လိုအပ္ပါတယ္ဆိုတဲ့ သူေတြကလည္း သင္မရွိရင္ သူတို႔ လိုအပ္ခ်က္ေတြ ရႏိုင္မယ့္ ေနရာတစ္ခုဆီကို ေရြ႕လ်ားသြားၾကမွာပဲ။ သင္ရွိတုန္းေတာ့ သူတို႔ ရႏိုင္သမွ်ကို ကုန္စင္ေအာင္ စုပ္ယူေသာက္သံုးၾကမွာပဲ…

သစ္ပင္တစ္ပင္လိုေပါ့ အသီးခ်ိဳရင္ အသီးရာသီမွာ သင္ဆီေရာက္လာမယ္ ။

အပြင့္လွရင္ အပြင့္ပြင့္ခ်ိန္ကို ေစာင့္ၾကမယ္။

အျမစ္ပါခ်ိဳရင္ သင္ကိုအျမစ္ပါလွန္ဖို႔ ေစာင့္ေနၾကမွာပဲ။ သင္ေသဆံုးသြားတဲ့တစ္ေန႔ မသီးမပြင့္ေတာ့တဲ့တစ္ေန႔ ေနာက္တစ္ပင္ကို ကူးေျပာင္းသြားမယ့္ ငွက္ေတြပဲေပါ့ ။

သင္ကို တန္ဖိုးထားပါတယ္ဆိိုတဲ့ လူေတြလည္း သင္ေနရာမွာ တစ္ျခားတစ္ေယာက္ ေရာက္လာရင္ သင္ဟာ သူတို႔ရဲ႕ တစ္ခ်ိန္က တစ္ေနရာစာေလးပဲ က်န္ခဲ့မယ့္ ပါးစပ္သမိုင္းပဲ ျဖစ္သြားမွာပဲ…။

သင္ရွိတုန္းကသာ သင္ကို အတိုင္းအတာ တစ္ခုေလာက္ပဲ။ ျပံဳးျပႏႈတ္ဆက္ျပတာ သင္မရွိေတာ့တဲ့တစ္ေန႔ သင္ေကာင္းခဲ့သမွ်ေတြ ဆယ္ခုထဲမွာ မေကာင္းတာ တစ္ခုရွိရင္ အဲဒီအရာကို…ပံုႀကီးခ်ဲ႕ျပီး ေျပာၾကအံုးမွာပဲ…။

ေၾကာ္ျငာဆိုင္းဘုတ္ေတြလိုေပါ့။ ေနာက္ေၾကာ္ျငာေခတ္ထရင္ ေရွ႕ေၾကာ္ျငာကို အလိုလိုျဖဳတ္ခ်ၿပီး ေဟာင္းႏြမ္းဇာတ္ သြင္းပစ္လိုက္ၾကတာပဲ ။

`ဒီအတြက္ သင္လည္း ဘာမွစိတ္ပူမေနနဲ႔´သင္မရွိလည္း သူ႔ေနရာနဲ႔သူ အဆင္ေျပ´ ေနၾကတာပဲ ဒါေတြကို သင္သိဖို႔လိုတယ္´

`ကိုယ့္အတြက္ပဲ ကိုယ္ စိတ္ပူပါ´

==================

Unicode

ကိုယ့်အတွက်ပဲ စိတ်ပူပါ

သင်မရှိလည်း ကမ္ဘာကြီးက လည်ပတ်နေမှာပဲ ရာသီတွေလည်း သူ့နေသားတကျ ရွေ့လျားနေမှာပဲ

သင်မရှိလည်း လူတစ်ချို့က အဆင်ပြေနေကြမှာပဲ မရှိခဏ တမ်းတကြတုန်း သင်ထက်ပို ကောင်းပေ့ဆိုတဲ့ အရာတွေနဲ့တွေ့ရင် သင်ဆိုတာ သတင်းစာ တစ်စောင်ရဲ့ နာရေးကြော်ငြာ တစ်ပိုဒ်စာပဲ ။

ပြီးနောက်နောက် အပတ်စဉ်မှာတော့ ဘယ်သူမှ သင်ကို အမှတ်ရ မနေကြဘူး။

သင်ကို လိုအပ်ပါတယ်ဆိုတဲ့ သူတွေကလည်း သင်မရှိရင် သူတို့ လိုအပ်ချက်တွေ ရနိုင်မယ့် နေရာတစ်ခုဆီကို ရွေ့လျားသွားကြမှာပဲ။ သင်ရှိတုန်းတော့ သူတို့ ရနိုင်သမျှကို ကုန်စင်အောင် စုပ်ယူသောက်သုံးကြမှာပဲ…

သစ်ပင်တစ်ပင်လိုပေါ့ အသီးချိုရင် အသီးရာသီမှာ သင်ဆီရောက်လာမယ် ။

အပွင့်လှရင် အပွင့်ပွင့်ချိန်ကို စောင့်ကြမယ်။

အမြစ်ပါချိုရင် သင်ကိုအမြစ်ပါလှန်ဖို့ စောင့်နေကြမှာပဲ။ သင်သေဆုံးသွားတဲ့တစ်နေ့ မသီးမပွင့်တော့တဲ့တစ်နေ့ နောက်တစ်ပင်ကို ကူးပြောင်းသွားမယ့် ငှက်တွေပဲပေါ့ ။

သင်ကို တန်ဖိုးထားပါတယ်ဆိိုတဲ့ လူတွေလည်း သင်နေရာမှာ တစ်ခြားတစ်ယောက် ရောက်လာရင် သင်ဟာ သူတို့ရဲ့ တစ်ချိန်က တစ်နေရာစာလေးပဲ ကျန်ခဲ့မယ့် ပါးစပ်သမိုင်းပဲ ဖြစ်သွားမှာပဲ…။

သင်ရှိတုန်းကသာ သင်ကို အတိုင်းအတာ တစ်ခုလောက်ပဲ။ ပြုံးပြနှုတ်ဆက်ပြတာ သင်မရှိတော့တဲ့တစ်နေ့ သင်ကောင်းခဲ့သမျှတွေ ဆယ်ခုထဲမှာ မကောင်းတာ တစ်ခုရှိရင် အဲဒီအရာကို…ပုံကြီးချဲ့ပြီး ပြောကြအုံးမှာပဲ…။

ကြော်ငြာဆိုင်းဘုတ်တွေလိုပေါ့။ နောက်ကြော်ငြာခေတ်ထရင် ရှေ့ကြော်ငြာကို အလိုလိုဖြုတ်ချပြီး ဟောင်းနွမ်းဇာတ် သွင်းပစ်လိုက်ကြတာပဲ ။

`ဒီအတွက် သင်လည်း ဘာမှစိတ်ပူမနေနဲ့´သင်မရှိလည်း သူ့နေရာနဲ့သူ အဆင်ပြေ´ နေကြတာပဲ ဒါတွေကို သင်သိဖို့လိုတယ်´

`ကိုယ့်အတွက်ပဲ ကိုယ် စိတ်ပူပါ´