ကမ္ဘာပေါ်က သန်းနဲ့ချီပြီး ဝင်ငွေရနေတဲ့ သန်းကြွယ်သူဌေး ကလေးငယ်အချို့ 
3.Dannielynn Birkhead
4.Nick D’aloisio
6.Abigail Breslin
7.Jaden Smith
8.Elle Fanning
9.Rico Rodriguez
10.Jaylen Bledsoe
Credit – cantwait2say
==============
ကမ္ဘာပေါ်က သန်းနဲ့ချီပြီး ဝင်ငွေရနေတဲ့ သန်းကြွယ်သူဌေး ကလေးငယ်များ
ဆင်းဆင်းရဲရဲ မွေးလာတာလည်း အပြစ်မဟုတ် ငယ်စဉ်က ချမ်းသာဖို့အကြောင်းဖန်လာတာလည်း အပြစ်မဟုတ်ပါဘူး။လူဆိုတာ အတိတ်ကိုလိုက်ပြီး ကံကြမ္မာက အကြောင်းဖန်လာတာဖြစ်ပါတယ်။ဒီတော့ ငယ်စဉ်ထဲက ချမ်းသာနေတဲ့ ကလေးတွေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုကို ဖော်ပြလိုက်ပါတယ်။ ဒါဟာ ၂၀၁၅-၂၀၁၆ စစ်တမ်းကောက်ယူမှု ဖြစ်ပြီး ဒီဘက်ခေတ် စစ်တမ်းကောက်ယူမှု ကတော့ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။
10.Jaylen Bledsoe
Jaylen Bledsoe ဟာ အသက် 12 သာရှိသေးပေမယ့် သူဟာ Information Techology Company ဖြစ်တဲ့ Bledsoe Technologies မှာ လုပ်နေပြီဖြစ်ပါတယ်။သူဟာ အတန်းကို ကျော်ပြီးတက်ခဲ့ရသလို အလုပ်ပါ ချက်ချင်းရခဲ့သူဖြစ်ပါတယ်။သူဟာ အင်တာဗျူးမှာ သူ့ဒီဇိုင်းနဲ့ သူ့အကြံဉာဏ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပြီး အလုပ်ရခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ ပိုင်ဆိုင်မှုဟာ 3.5 သန်းရှိတာဖြစ်ပါတယ်။
9.Rico Rodriguez
Rico Rodriguez ကလေးသရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။သူဟာ 2009 ခုနှစ်မှာ ရုပ်ရှင်လောကထဲရောက်ရှိခဲ့တာဖြစ်ပြီး သူကိုယ်တိုင်လဲ 2012 မှာ “Reel Life Lessons… So Far.” ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။သူဟာ သူ့ဇာတ်ညွှန်းကို ရုပ်ရှင်ပြန်ရိုက်ခဲ့သလို သူ့ရဲ့ အောင်မြင်ခဲ့တဲ့ ရုပ်သံစီးရီးက My Name Is Earl, NCIS, Sesame Street တွေဖြစ်ပါတယ်။သူ့ရဲ့ လက်ရှိပိုင်ဆိုင်မှုက ဒေါ်လာ 4 သန်းရှိတာဖြစ်ပါတယ်။
8.Elle Fanning
Elle Fanning မှာ အမေရိကန် ကလေးသရုပ်ဆောင်ဖြစ်ပါတယ်။သူမဟာ My Neighbor Totoro, Babel တို့မှာ နာမည်ကြီးခဲ့ပြီး သူ့ရဲ့ တခြားရုပ်ရှင်တွေလဲ ပေါက်ခဲ့ပါသေးတယ်။သူမရဲ့ လက်ရှိပိုင်ဆိုင်မှုက ဒေါ်လာ 5 သန်းရှိတာဖြစ်ပါတယ်။
7.Jaden Smith
Jaden Smith ကတော့ Will Smith ရဲ့ သားဖြစ်ပြီးတော့ သူကိုယ်တိုင်လည်း သရုပ်ဆောင် လမ်းကြောင်းပေါ် လျှောက်ခဲ့သူဖြစ်ပါတယ်။သူ့ရဲ့ အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေကတော့ The Karate Kid နဲ့ The Day the Earth Stood Still တို့ရုပ်ရှင်ကားတွေဖြစ်သလို သူဟာ သီချင်းလဲ ဆိုသူဖြစ်ပါတယ်။သူ့ရဲ့ လက်ရှိပိုင်ဆိုင်မှုဟာ ဒေါ်လာ 8 သန်းရှိတာဖြစ်ပါတယ်။
6.Abigail Breslin
Abigail Breslin ဟာ အမေရိကန် သရုပ်ဆောင်နဲ့ အဆိုတော်ဖြစ်ပါတယ်။သူဟာ သုံးနှစ်အရွယ်ထဲက ဝင်ငွေရှိခဲ့သူဖြစ်ပါတယ်။သူမရဲ့ ပထဆုံး ရုပ်ရှင်ကားကတော့ Signs ဖြစ်ပြီးတော့ Little Miss Sunshine မှာလည်း ဒရမ်မာကို ပိုင်နိုင်စွာ ရိုက်ခဲ့သူဖြစ်ပါတယ်။သူမရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ 12 သန်းရှိခဲ့တာဖြစ်ပါတယ်။
5.Valentina Paloma Pinault
Valentina Paloma Pinault ဟာ မက္ကဆီကန် သရုပ်ဆောင် ဒါရိုက်တာ ထုတ်လုပ်သူဖြစ်တဲ့ Salma Hayek ရဲ့ သမီးဖြစ်ပါတယ်။ကလေးမလေးဟာ ဖခင်ဆီက အမွေရခဲ့တာဖြစ်ပြီး သူမရဲ့ အမေပိုင်ဆိုင်မှုက ဒေါ်လာ 85 သန်းနဲ့ သူမကတော့ ဒေါ်လာ 12 သန်းပိုင်ထားတာဖြစ်ပါတယ်။
4.Nick D’aloisio
Nick D’aloisio ဟာ အသက် 15 နှစ်ထဲက ကွန်ပြူတာ ပရိုဂရမ်ရေးဆွဲသူအဖြစ် အင်္ဂလန်မှာ နေထိုင်ခဲ့သူဖြစ်ပါတယ်။သူဟာ Yahoo နဲ့ Ios အတွက် အလုပ်လုပ်ရင်းကနေ အသက် 19 နှစ်မှာ ဒေါ်လာ သန်း 30 ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
3.Dannielynn Birkhead
Dannielynn Birkhead ဟာ 2001 မှာ မွေးဖွားခဲ့ပြီး Anna Nicole Smith နဲ့ Larry Birkhead တို့ရဲ့ သမီးဖြစ်ပါတယ်။သူမရဲ့ အမေဟာ အမရေိကန် Playboy model ဖြစ်ပြီးတော့ 2007 မှာ မူးယစ်ဆေးလွန်ပြီး သေခဲ့တာဖြစ်ပါတယ်။ကလေးမလေးဟာ သူမရဲ့ ချစ်စရာမျက်နျာနဲ့ အမူအရာတွေကြောင့် သူ့ကို ရုပ်သံလိုင်းတွေက ကမ်းလှမ်းခဲ့ရာကနေ သူဟာ အောင်မြင်တဲ့ ကေလးသရုပ်ဆောင်ဖြစ်ခဲ့တာဖြစ်ပါတယ်။သူမရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ 59 သန်းထိရှိတာဖြစ်ပါတယ်။
2.Knox & Vivienne Jolie Pitt
Knox & Vivienne Jolie Pitt ဆိုတဲ့ အမြွှာမောင်နှမနှစ်ယောက်ဟာ Angelina Jolie နဲ့ Brad Pitt တို့ရဲ့ သားသမီးဖြစ်ပြီး သူတို့ကို 2008 ခုနှစ်က မွေးခဲ့တာဖြစ်ပါတယ်။ကလေးတွေရဲ့ ပထမဆုံးပုံကို ရောင်းချခဲ့ရာမှ ဒေါ်လာ 14 သန်းရရှိခဲ့ပြီး သူတို့ဟာ နောက်ပိုင်း ဓာတ်ပုံရိုက်ကူးရေးတွေနဲ့ ဝင်ငွေကောင်းလာပြ၆ီး အခုဆို သူတို့ပိုင်ဆိုင်မှုက ဒေါ်လာ 67.5 သန်းရှိတာဖြစ်ပါတယ်။
1.Prince George Alexander Louis
Prince George ဟာ Cambridge မင်းသားလေူးလို့လဲ ခေါ်ကြပြီး သူဟာ မင်းသား William ရဲ့ သားဖြစ်ပါတယ်။သူမွေးပြီးတဲ့ နောက်မှာ ဗြိတိသျှ စီးပွားရေးရာ ခုငန်တက်ခဲ့ပြီး ဝင်ငွေခွန်ရော အမြတ်များများရလာတဲ့အတွက် သူ့ကို ရှယ်ယာခွဲပေးခဲ့တာဖြစ်ပါတယ်။ဒါကတော့ တော်ဝင်မိသားစုတွေထုံးစံပါပဲ။ဒီကလေးဟာ အသက် 2 နှစ်မှာ ဒေါ်လာ 1 ကုဋေပိုင်ဆိုင်နေပါပြီ။
Credit – cantwait2say