
ကျွန်မခံယူချက်

တစ်ယောက်ထဲနေရတာကို……










ဘယ်သူ့မှမချစ် ဘယ်သူ့မှမမုန်း……












ဘုရင်ကတော်ကောက်လို့……




Nay ThuRain

Unicode >>>>

ကျွန်မခံယူချက်

တစ်ယောက်ထဲနေရတာကို……

ပိုနှစ်သက်သူမို့ ကြင်ဖော်မရှိလဲ ကျွန်မကျေနပ်တယ် ။

အရမ်းကြီးမချောလှချင်ပါဘူး………

မိန်ကလေး သိက္ခာအပြည့်ရှိရင် ကျွန်မကျေနပ်တယ် ။

အရမ်းမချမ်းသာချင်နေပါ………

ကိုယ့်ထက်ချို့တဲ့သူအပေါ်………

ပေးကမ်းစွန့်ကြဲ နိုင်သူဖြစ်ရင် ကျွန်မကျေနပ်တယ် ။

စိတ်ကူးတွေယဉ် ရူးမနေပါဘူး………

ရောက်နေတဲ့လက်ရှိအချိန်ကို …………

အစွမ်းကုန်ကြိုးစားနေလို့ ကျွန်မကျေနပ်တယ် ။

ဘယ်သ့ူမှမချစ် ဘယ်သူ့မှမမုန်း……

မေတ္တာစိတ်လေးထားနိုင်အောင်………

နှလုံးသွင်းထားလို့ ကျွန်မကျေနပ်တယ် ။

ဖြစ်မလာသေးတာတွေးမကြောက်ဘူး……

ဖြစ်ပြီးသွားတာ တွေဝေမပူပန်ဘူး………

အကောင်းဆုံးပြင်ဆင်ထားလို့ ကျွန်မကျေနပ်တယ် ။

သူများလုပ်ပေးမှရတာထက်………

ကျွန်မကိုယ်တိုင်လုပ်ယူလို့ရတာကို……

ပိုနှစ်သက်တဲ့ ကျွန်မအတွက်ကတော့……

သူဌေးတစ်ယောက်ရှာပြီး……

သူဌေးကတော်ဖြစ်ရတာထက်………

ကိုယ်တိုင်ကြိုးစားလို့ ကျွန်မပဲသူဌေးမဖြစ်ချင်တာပါ ။

ဘုရင်ကတော်ကောက်လို့……

မိဖုရားဖြစ်သွားတာထက်……

ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား……

ကျွန်မကိုယ်တိုင်ပဲ ဘုရင်မဖြစ်ချင်တာပါ ။

Nay ThuRain